အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
ကမ္ဘာဦး 48:15 - Common Language Bible ယောသပ်အားကောင်းချီးပေးလေသည်။ ``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်တင်တော်မူသောကောင်းကင်တမန်သည် ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည် သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။ သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။'' Garrad Bible ယော သပ် အား ကောင်း ကြီး ပေး သည် မှာ မျက် မှောက် တော် တွင် ဘိုး ဘ အာ ဗြ ဟံ နှင့် ဣ ဇာက် တို့ သွား လာ ရ လျက် ငါ့ ကို လည်း ဖွား က တည်း မှ စ ၍ ယ ခု တိုင် အောင် ထိန်း ကျောင်း တော် မူ သော ဘု ရား သ ခင်၊ Judson Bible ယောသပ်ကိုကောင်းချီးပေးလျက်၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုတစ်သက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသောဘုရားသခင်တည်းဟူသော၊ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးသည် ယောသပ်အားကောင်းချီးပေးလျက် “ငါ့ဘိုးဘေးအာဗြဟံနှင့်ဣဇက်တို့ကိုးကွယ်သော ဘုရားသခင်၊ ငါ့အသက်တာတစ်လျှောက်လုံးတွင် ယနေ့တိုင်အောင် ငါ့ကိုထိန်းကျောင်းတော်မူသောဘုရားသခင်၊ |
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
မိန်းမပျိုသည်ခရားထဲ၌ရှိသောရေကိုရေ တိုက်ခွက်ထဲသို့ချက်ချင်းသွန်ချပြီးလျှင် သူ ၏ကုလားအုတ်အားလုံးတို့ကိုရေတိုက်ပြီး သည်အထိရေတွင်းမှရေကိုအလျင်အမြန် ခပ်သယ်ပေးသည်။-
သခင်က`ငါအမြဲရိုသေနာခံသောထာဝရ ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင်နှင့် အတူစေလွှတ်၍သင့်အားအောင်မြင်မှုကိုပေး တော်မူမည်။ သင်သည်ငါ၏အမျိုးသားချင်း ဖြစ်သောငါ့အဖမိသားစုထဲမှ ငါ့သား အတွက်မယားကိုရှာယူခဲ့ရမည်။-
ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။-
ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
ထိုနောက်ယာကုပ်ကထာဝရဘုရားအား ``ကိုယ်တော်ရှင်သည်အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားရမည့်ခရီး၌စောင့်ရှောက်လျက် အစားအစာနှင့်အဝတ်ကိုပေးသနားတော် မူပြီးလျှင်၊-
အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။-
ယောသပ်သည်စမ်းရေပေါက်နားမှာ ကျက်စားသောမြည်းရိုင်း တောင်စောင်းပေါ်တွင်ကျက်စားသော မြည်းရိုင်းကလေးနှင့်တူ၏။
သို့ရာတွင်ယာကုပ်၏အနန္တတန်ခိုးရှင်ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ ဣသရေလ၏ကာကွယ်ရာကျောက်ဖြစ်တော်မူသော သိုးထိန်းရှင်၏စောင်မခြင်းအားဖြင့်လည်းကောင်း၊ သူ၏လေးသည်တည်ငြိမ်၍သူ၏လက်တို့သည် အားသန်လျက်ရှိ၏။
ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။
နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-
ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။
ထာဝရဘုရားသည်သိုးထိန်းတော်မြတ်ဖြစ်၍ ငါ့ကိုစောင့်ထိန်းတော်မူ၏။ ထို့ကြောင့်ငါသည်လိုသမျှကိုရရှိ၏။
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
ထာဝရဘုရားကဣသရေလအမျိုး သားတို့ရှေ့တွင် ထိုသို့ပြုလုပ်ပြလော့။ သို့ မှသာလျှင်သင်သည်သူတို့ဘိုးဘေးတို့၏ ထာဝရအရှင်ဘုရားသခင်၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားကိုဖူးမြင်ခဲ့ရကြောင်းသူတို့ယုံ ကြမည်'' ဟုမိန့်တော်မူ၏။
အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ်၏။
ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်း အမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသော အကျိုး၌ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဘို့ ဖြစ်၏။
လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။
လက်ဝဲဘက်သို့သော်လည်းကောင်း၊ လက်ယာ ဘက်သို့သော်လည်းကောင်း သင်တို့လမ်းမှား ၍လိုက်မိကြသောအခါ``လမ်းမှန်ကားဤ မှာတည်း။ ဤလမ်းအတိုင်းလိုက်ကြလော့'' ဟုသင်တို့နောက်မှနေ၍ကိုယ်တော်မိန့်တော် မူသံကိုကြားရကြလိမ့်မည်။-
သို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။
သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
ဘုရားသခင်ရွေးကောက်သူမောရှေသည်အနိစ္စ မရောက်မီ ဣသရေလအမျိုးသားတို့အား အောက်ဖော်ပြပါအတိုင်းကောင်းချီးပေး လေ၏။
သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။-
ငါတို့သည်သင်တို့ကိုအားပေးစကားပြော ကြားခဲ့ကြ၏။ စိတ်သက်သာမှုကိုရရှိစေခဲ့ ကြ၏။ ကိုယ်တော်၏နိုင်ငံတော်သို့ဝင်ခွင့်နှင့် ဘုန်းအသရေကိုခံယူခွင့်ရနိုင်စိမ့်သောငှာ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော ဘုရားသခင်နှစ်သက်တော်မူသည့်အကျင့် မျိုးကိုကျင့်ကြစေရန်တိုက်တွန်းနှိုးဆော်ခဲ့ ကြ၏။
ယာကုပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် ယောသပ်၏သားနှစ်ယောက်ကို ကောင်းချီးပေးလေသည်။ သူသည်မိမိ၏တောင် ဝှေးထိပ်ကိုမှီပြီးလျှင်ဘုရားသခင်အား ဆုတောင်းလေ၏။