Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 33:16 - Common Language Bible

16 သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ထို သို့ သော သူ သည် မြင့် ရာ၌ နေ ထိုင် လျက်၊ ခို လှုံ ရာ ကျောက် တောင် တွင် ခံ တပ် သ ဖွယ် ရ လျက်၊ အ စာ အာ ဟာ ရ ကို ခံ စား ၍ သောက် ရေ ကို လည်း အ မြဲ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို​သူ​သည် မြင့်ရာအရပ်​၌ နေ​ရ​လိမ့်မည်​။ ခိုင်ခံ့​သော​ကျောက်တောင်​၌ ခိုလှုံ​ရ​၍ သူ့​အား အစားအစာ​ပေး​ကြ​၏​။ သူ​၌ သောက်ရေ​မပြတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 33:16
27 ပူးပေါင်းရင်းမြစ်များ  

ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။-


သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။


ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။ မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။


အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့် မြတ်​သော ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​နိုင်​ပါ​မည်​နည်း။


ကိုယ်​တော်​သည်​ငါ့​ခြေ​ကို​သ​မင်​ခြေ​ကဲ့​သို့ မြဲ​မြံ​စေ​တော်​မူ​၏။ တောင်​များ​ပေါ်​တွင်​ငါ့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။


ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။


ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။


ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။


အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ကျွန်​တော်​မျိုး​တို့​၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။


ဘု​ရား​သ​ခင်​က ``ငါ့​ကို​ချစ်​သော​သူ​တို့​အား​ငါ​ကယ်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဝန်​ခံ​သော သူ​တို့​အား​ငါ​ကွယ်​ကာ​စောင့်​ရှောက်​မည်။


ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။


ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။


ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။


ဆင်း​ရဲ​သူ​နှင့် ခို​ကိုး​ရာ​မဲ့​သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ခို​လှုံ​ကြ​သ​ဖြင့် ဒုက္ခ​ရောက်​ချိန်​၌​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​မိုး​သက်​မုန်​တိုင်း​မှ အ​ကာ​အ​ကွယ်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သည့်​အ​ပူ​ရှိန်​မှ​ခို​လှုံ​ရန်​အ​ရိပ် အာ​ဝါ​သ ကို​လည်း​ကောင်း​ပေး​တော်​မူ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​၏​တိုက်​ခိုက်​မှု​သည်၊ ဆောင်း​လေ​ပြင်း​နှင့်​လည်း​ကောင်း၊


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဆိုး​ယုတ် ခက်​ခဲ​မှု​များ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​မည် ဖြစ်​သော်​လည်း ကိုယ်​တော်​တိုင်​ပင်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​၍​လမ်း​ပြ​သွန်​သင်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​လည်း​ကိုယ်​တော်​ကို ရှာ​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။-


ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​နေ​ထိုင်​ရာ အိမ်​များ​သည်​ငြိမ်​သက်​၍​လုံ​ခြုံ​လိမ့်​မည်။ ထို လူ​မျိုး​တော်​သည်​လည်း​ပူ​ပင်​သော​က​နှင့် ကင်း​ဝေး​ကြ​လိမ့်​မည်။-


သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊ နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။


ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​မှ​ရ​ရှိ​အပ်​သော စိတ္တ​သု​ခ​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​ဂုဏ်​အ​သ ရေ​ရှိ​စေ​မည်။ သင်​တို့​သည်​လည်း​မိ​မိ​တို့​ဘိုး ဘေး​ယာ​ကုပ်​အား​ပေး​အပ်​ခဲ့​သည့်​ပြည်​တော် တွင်​ပျော်​မွေ့​စွာ​နေ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ထို့​ကြောင့်​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​နန်း တော်​ဝင်း​အ​တွင်း​၌​ချုပ်​နှောင်​ထား​ရန်​အ​မိန့် ပေး​တော်​မူ​၏။ ငါ​သည်​မြို့​တွင်း​၌​မုန့်​များ ကုန်​သည်​အ​ထိ​မုန့်​ဖို​များ​မှ​နေ့​စဉ်​နေ့​တိုင်း မုန့်​တစ်​လုံး​ကို​ရ​ရှိ​လေ​သည်။ ဤ​သို့​လျှင် ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌​နေ​ရ သ​တည်း။


ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။ မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။


ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊ အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝရ​ဘု​ရား​သင်​တို့​ကို​ကယ်​တင်​သော​ကြောင့် သင်​တို့​သည်​ထူး​ခြား​သည့်​လူ​မျိုး​ဖြစ်​သည်။ သင်​တို့​ကို​ကာ​ကွယ်​ရန်​နှင့်​ရန်​သူ​ကို​အောင် မြင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် သင်​တို့​၏​ဒိုင်း​လွှား​သင်​တို့​၏​ဋ္ဌား​ဖြစ်​တော် မူ​၏။ သင်​တို့​၏​ရန်​သူ​တို့​သည်​အ​သ​နား​ခံ​ရန် သင်​တို့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​သူ​တို့​ကို​နင်း​ချေ ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ