ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
သင် သည် နန်း တော် အုပ် ဖြစ် စေ။ သင့် အ မိန့် ကို ငါ့ ပြည် သူ ပြည် သား အ ပေါင်း တို့ နာ ခံ ဆောင် ရွက် ကြ စေ။ ရာဇ ပ လ္လင် ဂုဏ် ကြောင့် သာ သင့် ထက် ငါ ကြီး မြတ် မည် ဟူ၍ လည်း ကောင်း ကြည့် လော့။
သင်သည်နန်းတော်အုပ်ဖြစ်ရမည်။ သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက်ကြီးမြတ်မည်ဟု မိန့်တော်မူ၏။
သင်သည် ငါ၏နန်းတော်အုပ်ဖြစ်ရမည်။ ငါ၏လူအပေါင်းတို့သည် သင်၏အမိန့်ကိုနာခံကြရမည်။ ငါသည် ရာဇပလ္လင်အားဖြင့်သာ သင့်ထက်ကြီးမြတ်မည်”ဟု မိန့်ဆို၏။
ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။-
သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊
တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။-
ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။-
သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-
ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-