Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 45:26 - Common Language Bible

26 သူ​တို့​က``ယော​သပ်​သည်​အ​သက်​ရှင်​လျက်​ရှိ​ပါ သေး​၏။ သူ​သည်​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​သော​မင်း​ဖြစ်​နေ​ပါ​၏'' ဟု​ဆို​ကြ​သော် ယာ​ကုပ်​သည်​လွန်​စွာ​အံ့​အား​သင့်​လျက်​မ​ယုံ နိုင်​ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ယော သပ် ရှိ သေး ကြောင်း၊ အိ ဂျစ် တစ် ပြည် လုံး အုပ် ချုပ် ရ ကြောင်း များ ကို ကြား ပြော ကြ သည် ရှိ သော်၊ ယာ ကုပ် သည် ထို သ တင်း ကို မ ယုံ၍ စိတ် အား လျော့ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ယော​သပ်​သည် အ​သက်​ရှင်​သေး၏။ အဲ​ဂု​တ္တု​ပြည်​လုံး​ကို​အုပ်​စိုး​ရ၏​ဟု ကြား​ပြော​ကြ​သည်​ရှိ​သော်၊ ယာ​ကုပ်​သည်​စိတ်​နှ​လုံး​လျော့၏။ သူ​တို့​စ​ကား​ကို မ​ယုံ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 သူ​တို့​က ဖခင်​အား “​ယောသပ်​သည် အသက်ရှင်​လျက်​ရှိ​သေး​၏​။ သူ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​သော​သူ​ဖြစ်​နေ​၏​”​ဟု ပြောပြ​ကြ​၏​။ သို့သော် ယာကုပ်​သည် အံ့ဩမှင်တက်​လျက် သူ​တို့​ကို​မ​ယုံ​နိုင်​ဘဲ​ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 45:26
17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဆိတ်​တစ်​ကောင်​ကို​သတ်​၍​ယော​သပ် ၏​ဝတ်​ရုံ​ကို​ဆိတ်​သွေး​ထဲ​၌​နှစ်​လေ​၏။-


သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။-


ခါ​နာန်​ပြည်​ရှိ​သူ​တို့​၏​အ​ဖ​ယာ​ကုပ်​ထံ သို့​ရောက်​ကြ​သော​အ​ခါ ဖြစ်​ပျက်​ခဲ့​သ​မျှ အ​ကြောင်း​စုံ​ကို​ဖ​ခင်​အား​ပြော​ပြ​ကြ​လေ သည်။-


သူ​တို့​အ​ဖ​က``သင်​တို့​သည်​ငါ့​သား​များ​ကို တစ်​ယောက်​ပြီး​တစ်​ယောက်​ဆုံး​ပါး​စေ​တော့ မည်​လော။ ယော​သပ်​လည်း​မ​ရှိ။ ရှိ​မောင်​လည်း မ​ရှိ။ ယ​ခု​ဗင်္ယာ​မိန်​ကို​ခေါ်​ဆောင်​သွား​ကြ ဦး​မည်​လော။ ငါ​၌​အ​တိ​ဒုက္ခ​ရောက်​ရ​ပါ သည်​တ​ကား'' ဟု​ဆို​လေ​၏။


သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။


သား​တစ်​ယောက်​မှာ​မ​ရှိ​တော့​ပြီ။ သူ​သည်​သား​ရဲ တိ​ရစ္ဆာန်​တို့​၏​ကိုက်​ဖြတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ထို့​ကြောင့်​ငါ​သည်​ယ​နေ့​ထက်​တိုင်​သူ့​ကို​မ​မြင်​ရ။-


သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​၍ ခါ​နာန် ပြည်​ရှိ​အ​ဖ​ထံ​သို့​ရောက်​လာ​ကြ​၏။-


ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-


ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။


ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။


မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍ တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။


ငါ​တို့​အား​ဇိ​အုန်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်​ခေါ်​ဆောင်​သည်​မှာ အိပ်​မက်​ကဲ့​သို့​ဖြစ်​ပါ​၏။


အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။


သူ​တို့​ပြော​ကြား​သည့်​စ​ကား​များ​သည်​တ​မန် တော်​တို့​အ​တွက်​ယုတ္တိ​မ​ရှိ​သော​ကြောင့်​တ​မန် တော်​တို့​သည်​မ​ယုံ​ကြ။-


စု​ရုံး​လျက်​နေ​သော​သူ​တို့​က ``အ​ကယ်​ပင်​သ​ခင် ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ပေ​တ​ရု​အား​ကိုယ်​ထင်​ပြ​တော် မူ​ပြီ'' ဟု​ဆို​ကြ​၏။


သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ