ဒံယေလ 5:29 - Common Language Bible29 ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible29 ထို အ ခါ ဗေ လ ရှာ ဇာ မင်း အ မိန့် ရှိ ရင်း အ တိုင်း ဒံ ယေ လ အား နီ မောင်း သော ဝတ် လုံ ကို ဆင် ယင် လျက် လည်၌ ရွှေ စ လွယ် တင် ပြီး လျှင် အ မြတ် ဆုံး သော မင်း သုံး ပါး တို့ ရာ ထူး တွင် ခန့် ထား ကြောင်း ကြော် ငြာ စေ၏။ အခန်းကိုကြည့်ပါ။Judson Bible29 ထိုအခါ ဗေလရှာဇာမင်းကြီး မိန့်တော်မူသည်အတိုင်း၊ ဒံယေလကို အဝတ်နီဝတ်ဆင်စေ၍ လည်ပင်း၌ ရွှေစလွယ်ဆွဲပြီးမှ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်ဟု မြို့ကိုလည်၍ ဟစ်ကြော်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ထိုအခါ ဗေလရှာဇာမင်းကြီးအမိန့်ပေးသဖြင့် ဒံယေလအား ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပေး၍ လည်တွင် ရွှေစလွယ်ဆင်ပေးပြီး တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကိုအုပ်ချုပ်ခွင့်ရှိသူဖြစ်ကြောင်း ကြေညာကြလေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-
သင်သည်တိမ်မြုပ်နေသောအနက်တို့ကိုဖော် ထုတ်နိုင်၍ လျှို့ဝှက်ခက်ခဲသောအရာတို့ကို ရှင်းလင်းဖော်ပြနိုင်ကြောင်းငါကြားသိတော် မူရသည်။ သင်သည်ဤစာတန်းကိုဖတ်၍ အနက်ကိုငါ့အားဖော်ပြနိုင်ပါလျှင် ငါသည် သင့်အားတော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ် စေ၍ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုဆွဲ စေလျက် ငါ၏နိုင်ငံတော်တွင်တတိယတန် ခိုးအကြီးဆုံးသောသူအဖြစ်ခန့်ထား မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-