သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
ကမ္ဘာဦး 27:4 - Common Language Bible ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။ Judson Bible ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။ |
သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။
ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။-
ထိုနောက်ချက်ပြီးသောအမဲဟင်းနှင့်ဖုတ် ထားသောမုန့်တို့ကိုယာကုပ်အားပေး၏။
ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။
သူ၏လက်တို့သည်ဧသော၏လက်များကဲ့သို့ အမွေးထူသောကြောင့်ဖခင်သည်ယာကုပ် ဖြစ်မှန်းမရိပ်မိချေ။ သူ့အားကောင်းချီးမ ပေးမီ၊-
ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။-
ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။-
သူသည်လည်းစားဖွယ်ကောင်းသောအမဲဟင်းလျာ ကိုချက်ပြီးလျှင်ဖခင်ထံသို့ယူခဲ့လေသည်။ ထိုနောက်``အဖ၊ ကျွန်တော်ယူခဲ့သောအမဲ ဟင်းကိုထ၍သုံးဆောင်ပါ။ သုံးဆောင်ပြီး လျှင်ကျွန်တော်အားကောင်းချီးပေးပါ'' ဟု ဆိုလေ၏။
ဣဇာက်ကဧသောအား ထိုသို့မှာကြားနေစဉ် ရေဗက္ကသည်နားထောင်လျက်ရှိ၏။ ထို့ကြောင့် ဧသောအမဲပစ်ထွက်သွားသောအခါ၊-
`အမဲပစ်၍ငါ့အတွက်ဟင်းချက်ခဲ့ပါ။ ငါ စားပြီးလျှင်ထာဝရဘုရားရှေ့တော်၌ သင့် အားငါမသေမီကောင်းချီးပေးမည်' ဟုမှာ ကြားသည်ကိုငါကြားပြီ။-
ဆိတ်အုပ်ရှိရာသို့သွားပြီးလျှင် ဆူဖြိုးသော ဆိတ်ငယ်နှစ်ကောင်ကိုရွေးယူခဲ့လော့။ ငါသည် သင့်ဖခင်ကြိုက်နှစ်သက်သောဟင်းကိုချက် ပေးမည်။-
အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
ယောသပ်က``ဘုရားသခင်ကအီဂျစ် ပြည်တွင် ကျွန်တော်အားပေးသနားတော် မူသောသားများဖြစ်ပါသည်'' ဟုဖြေ၏။ ထိုအခါယာကုပ်က``သူတို့အားငါ ကောင်းချီးပေးရန်ငါ့အနီးသို့ခေါ်ခဲ့ လော့'' ဟုဆိုလေ၏။-
ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။-
ဣဇာက်သည်ယုံကြည်ခြင်းအားဖြင့်အနာဂတ် ကာလကိုရည်မှန်း၍ယာကုပ်နှင့်ဧသောအား ကောင်းချီးပေး၏။
ထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။-
ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။