လုကာ 24:51 - Common Language Bible51 ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible51 ထို သို့ ပေး တော် မူ စဉ် သူ တို့ နှင့် ခွာ၍ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ခံ တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible51 ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း51 ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း51 ထိုသို့ ကောင်းချီးပေးနေတော်မူစဉ်တွင်ပင် သူတို့ထံမှခွဲခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ51 ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင်၊ တပည့်တော်တို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-