ကမ္ဘာဦး 24:60 - Common Language Bible60 သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible60 ငါ တို့ နှ မ၊ သင် သည် လူ အ ထောင် အ သောင်း တို့ အ မိ ဖြစ် ပါ စေ သော။ သင့် အ မျိုး အ နွယ် သည် ရန် ဘက် ပြု သူ တို့ မြို့ တံ ခါး များ ကို အ ပိုင် ရ ပါ စေ သော ဟု ရေ ဗ က္က အား ပြော ဆို၍ ကောင်း ကြီး ပေး ကြ ပြီး မှ၊ အခန်းကိုကြည့်ပါ။Judson Bible60 ရေဗက္ကကိုလည်း၊ သင်သည်ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းချီးပေးကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း60 သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။
ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။