Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 27:19 - Common Language Bible

19 ယာ​ကုပ်​က``ကျွန်​တော်​သည်​သား​ကြီး​ဧ​သော ဖြစ်​ပါ​သည်။ ဖ​ခင်​မှာ​ကြား​သည့်​အ​တိုင်း​ဆောင် ရွက်​ပြီး​ပါ​ပြီ။ ယ​ခု​ထ​၍​ကျွန်​တော်​ယူ​ခဲ့​သော အ​မဲ​ဟင်း​ကို​သုံး​ဆောင်​ပြီး​လျှင်​ကျွန်​တော် အား​ကောင်း​ချီး​ပေး​ပါ'' ဟု​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ယာ ကုပ် က ကျွန် တော် ကား၊ သား ဦး ဧ သော ဖြစ် ပါ၏။ အ ဘ အ မိန့် ရှိ သည့် အ တိုင်း ပြု ခဲ့ ပါ ပြီ။ ထ၍ ထိုင် ပါ။ အ ဘ စိတ်၀ိ ညာဉ် သည် ကျွန် တော် ကို ကောင်း ကြီး ပေး ရန် ကျွန် တော့် အ မဲ သား ကို သုံး ဆောင် ပါ ဟု လျှောက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ယာ​ကုပ်​က​လည်း၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏။ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ပါ​ပြီ။ ထ၍​ထိုင်​ပါ။ အ​ဘ၏​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​ကို ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​အ​မဲ​သား​ကို​စား​ပါ​လော့​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ယာကုပ်​က​လည်း “​အကျွန်ုပ်​သည် အဖေ့​သားဦး​ဧသော​ဖြစ်​ပါ​သည်​။ အဖေ​ပြော​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။ အဖေ​သည် အကျွန်ုပ်​ကို ကောင်းချီးပေး​မည့်​အကြောင်း ယခု ထ​၍​ထိုင်​ပါ​။ အကျွန်ုပ်​၏​တောကောင်သား​ကို စား​ပါ​”​ဟု မိမိ​ဖခင်​အား ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 27:19
15 ပူးပေါင်းရင်းမြစ်များ  

အ​ဦး​ဖွား​သော​သား​သည်​အ​ဆင်း​နီ​၍​အ​မွေး ထူ​သ​ဖြင့်​ဧ​သော​ဟု​နာ​မည်​မှည့်​လေ​သည်။-


ဣ​ဇာက်​သည်​ဧ​သော​အ​မဲ​လိုက်​၍​ရ​သော အ​မဲ​ကို​နှစ်​သက်​သ​ဖြင့် ဧ​သော​ကို​ချစ်​၏။ သို့​ရာ​တွင်​ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ချစ်​၏။


ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​ထံ​သို့​သွား​၍``အ​ဖ'' ဟု​ခေါ်​လျှင်၊ ဣ​ဇာက်​က``သား'' ဟု​ထူး​ပြီး​လျှင်``သား​ကြီး လော၊ သား​ငယ်​လော'' ဟု​မေး​လေ​၏။


ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သင့်​ကို​စမ်း​ကြည့်​နိုင် ရန်​အ​နား​သို့​တိုး​လာ​ပါ။ သင်​သည်​ဧသော အ​မှန်​ပင်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လေ​သည်။-


သူ​သည်​လည်း​စား​ဖွယ်​ကောင်း​သော​အမဲ​ဟင်း​လျာ ကို​ချက်​ပြီး​လျှင်​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​လေ​သည်။ ထို​နောက်``အ​ဖ၊ ကျွန်​တော်​ယူ​ခဲ့​သော​အ​မဲ ဟင်း​ကို​ထ​၍​သုံး​ဆောင်​ပါ။ သုံး​ဆောင်​ပြီး လျှင်​ကျွန်​တော်​အား​ကောင်း​ချီး​ပေး​ပါ'' ဟု ဆို​လေ​၏။


ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။


ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။


ထို​အ​ချိန်​ရောက်​လျှင်​ငါ​သည်​သင့်​ထံ​သို့​လူ စေ​လွှတ်​၍​ပြန်​လည်​ခေါ်​ဆောင်​မည်။ ငါ​သည် တစ်​နေ့​ချင်း​တွင်​သား​နှစ်​ယောက်​စ​လုံး​ကို အ​ဆုံး​မ​ခံ​နိုင်'' ဟု​ဆို​လေ​၏။


ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊


ယေ​ရော​ဗောင်​သည်​မိ​မိ​၏​မိ​ဖု​ရား​အား``သင် သည်​မိ​ဖု​ရား​မှန်း​မ​သိ​စေ​ရန်​ရုပ်​ဖျက်​၍ ငါ့ အား​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဟော​ခဲ့​သူ​ပ​ရော​ဖက်​အ​ဟိ​ယ​နေ​ထိုင် ရာ​ရှိ​လော​မြို့​သို့​သွား​လော့။-


သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ