ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
ကမ္ဘာဦး 26:22 - Common Language Bible တစ်ဖန်ဣဇာက်သည်ထိုအရပ်မှပြောင်း၍အခြား တစ်နေရာ၌ရေတွင်းတစ်တွင်းတူးပြန်လေသည်။ ထိုရေတွင်းနှင့်ပတ်သက်၍အငြင်းပွားမှုမရှိ သဖြင့်``လွတ်လပ်ခြင်း'' ဟုနာမည်မှည့်လေသည်။ ဣဇာက်က``ထာဝရဘုရားသည်ဤပြည်၌ငါ တို့အားလွတ်လပ်စွာနေထိုင်ခွင့်ပေးတော်မူပြီ ဖြစ်၍ငါတို့စီးပွားတိုးတက်မည်'' ဟုဆိုလေ၏။ Garrad Bible ထို အ ရပ် မှ နေ ရာ ပြောင်း လျက် အ ခြား ရေ တွင်း ကို တူး ဖော် သော် ထို ရေ တွင်း နှင့် စပ်၍ ခိုက် ရန် မ ပြု သည် နှင့်၊ ငါ တို့ နေ ရာ ကို ထာ၀ ရ ဘု ရား ကျယ် ၀န်း စေ တော် မူ ပြီး ဖြစ် သော ကြောင့်၊ ဤ ပြည်၌ ပွား များ ခွင့် ရ ကြ လိမ့် မည် ဟု ဆို လျက် ထို ရေ တွင်း ကို ရ ဟော ဘုတ် အ မည် ဖြင့် မှည့် သ တည်း။ Judson Bible ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့နေစရာအခွင့်ကို ယခုထာဝရဘုရားပေးတော်မူပြီဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွားများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟောဘုတ်အမည်ဖြင့် မှည့်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် ထိုအရပ်မှရွှေ့ပြောင်း၍ အခြားသောရေတွင်းကိုတူး၏။ ထိုရေတွင်းအတွက်ကြောင့် ရန်မတွေ့ကြတော့သဖြင့် သူက “အကယ်စင်စစ် ထာဝရဘုရားသည် ငါတို့နေရာကို ယခုကျယ်ဝန်းစေတော်မူသည်ဖြစ်၍ ငါတို့သည် ဤပြည်၌ပွားများကြလိမ့်မည်”ဟု ဆိုလျက် ထိုရေတွင်း၏အမည်ကို ရဟောဘုတ် ဟုခေါ်၏။ |
ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
ဣဇာက်၏အစေခံတို့သည်အခြားရေတွင်း တစ်တွင်းကိုတူးကြပြန်ရာအငြင်းပွားကြ ပြန်သဖြင့် ထိုရေတွင်းကို``ရန်ငြိုး'' ဟုနာမည် မှည့်လေသည်။-
အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
ဒုတိယသားရသောအခါ``ဘုရားသခင် သည်ငါဆင်းရဲဒုက္ခခံရသောပြည်တွင် ငါ့အား သားသမီးရတနာထွန်းကားစေတော်မူပြီ'' ဟုဆို၍ထိုသားကိုဧဖရိမ်ဟုနာမည်မှည့် လေ၏။
ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
ကိုယ်တော်ရှင်သည်ကွန်တော်မျိုးအားအသိဉာဏ် ပိုမိုပွင့်လင်းစေတော်မူမည်ဖြစ်၍ ကွန်တော်မျိုးသည်အမိန့်တော်တို့ကို စိတ်အားထက်သန်စွာလိုက်နာပါမည်။
ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
သင်နေထိုင်သည့်တဲကိုတိုးချဲ့ပါလော့။ တဲ၏ကုလားကာများကိုဆန့်ထုတ်လော့၊ မတွန့်ဆုတ်နှင့်။ တဲကြိုးတို့ကိုရှည်အောင်ပြု၍ပန္နက်တိုင်များကို ခိုင်မြဲအောင်ရိုက်လော့။
သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။