Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 54:2 - Common Language Bible

2 သင်​နေ​ထိုင်​သည့်​တဲ​ကို​တိုး​ချဲ့​ပါ​လော့။ တဲ​၏​ကု​လား​ကာ​များ​ကို​ဆန့်​ထုတ်​လော့၊ မ​တွန့်​ဆုတ်​နှင့်။ တဲ​ကြိုး​တို့​ကို​ရှည်​အောင်​ပြု​၍​ပန္နက်​တိုင်​များ​ကို ခိုင်​မြဲ​အောင်​ရိုက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 သင့် တဲ ရှင် စိုက် ရာ အ ရပ် ကို ချဲ့ လျက်၊ တည်း ခို ရာ တင်း တိမ် ဖြင့်၊ မ တွန့် တို ဘဲ ကာ ရံ ပါ စေ။ ကြိုး များ ကို ရှည် စေ၍ ကြက် ဆူး များ ကို လည်း ခိုင် ခံ့ စေ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သင်၏​တဲ​ရာ​ကို ကျယ်​စေ​လော့။ သင်၏​နေ​ရာ မျက်​နှာ​ကြက်​ကို ကြက်​ဦး​လော့။ နှ​မြော​သော စိတ်​မ​ရှိ​နှင့်။ ကြိုး​တို့​ကို ရှည်​စေ​ဦး​လော့။ တိုင်​တို့​ကို မြဲ​စွာ​စိုက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “သင်​၏​တဲ​နေရာ​ကို​ကျယ်ဝန်း​စေ​လော့​။ သင်​၏​တဲ​ရွက်ထည်​များ​ကို​လည်း ဖြန့်ကြက်​လော့​။ ချုံ့​မ​ထား​နှင့်​။ ကြိုး​တို့​ကို​ရှည်ရှည်​ထား​လော့​။ ငုတ်တိုင်​တို့​ကို​လည်း ခိုင်ခံ့​စေ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 54:2
8 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။


တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-


တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-


အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​၏​နိုင်ငံ​ကို​ကြီး​ပွား​တိုး​တက် စေ​တော်​မူ​ပါ​ပြီ။ ကြီး​ပွား​တိုး​တက်​စေ​တော်​မူ​ပါ​ပြီ။ ယင်း​၏​နယ်​ပယ်​တို့​လည်း​လေး​ဘက်​လေး​တန် ပို​မို​ကျယ်​ဝန်း​စေ​တော်​မူ​ပါ​ပြီ။ ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​ကိုယ်​တော်​ရှင်​တွင် ဂုဏ်​အ​သ​ရေ​ရှိ​ပါ​၏။


ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-


ငါ​တို့​၏​တဲ​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်၊ ယင်း​တို့​ကို​ဆွဲ​ထား​သည့်​ကြိုး​များ​သည်​လည်း ပြတ်​၍​သွား​လေ​ပြီ။ ငါ​တို့​၏​သား​သ​မီး​အား​လုံး​ပင်​ငါ​တို့​ထံ​မှ ထွက်​ခွာ​သွား​ကြ​ပါ​ပြီ။ ငါ​တို့​၏​တဲ​များ​ကို​တစ်​ဖန်​ပြန်​၍​ထိုး​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ။ တဲ​ကန့်​လန့်​ကာ​များ​ကို​လည်း​တပ်​ဆင်​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ'' ဟု ဟစ်​အော်​ကြ​၏။


ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ