``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ်၏အိမ်သို့မဝင်ဘဲမနေ ပါနှင့်။-
ကမ္ဘာဦး 24:31 - Common Language Bible ``ထာဝရဘုရားထံမှကောင်းချီးမင်္ဂလာခံ ရသောသူ၊ ကျွန်ုပ်၏အိမ်သို့ကြွပါ။ ဤနေရာ တွင်အဘယ်ကြောင့်ရပ်နေပါသနည်း။ ကျွန်ုပ် ၏အိမ်တွင်သင်တည်းခိုရန်အခန်းကိုအသင့် ပြင်ပြီးပါပြီ။ သင်၏ကုလားအုတ်များနေ စရာလည်းရှိပါသည်'' ဟုခေါ်ဖိတ်လေသည်။ Garrad Bible ထာ ဝ ရ ဘု ရား၏ ကောင်း ကြီး မင်္ဂ လာ တော် ကို ခံ ရ သူ၊ ပြင်၌ အ ဘယ် ကြောင့် ရပ် နေ သ နည်း။ ၀င် ပါ လော့။ အိမ် ကို လည်း ကောင်း၊ ကု လား အုပ် များ ထား ရန် နေ ရာ ကို လည်း ကောင်း၊ ရှင်း လင်း ထား ပါ ပြီ ဟု ဆို လျက်၊ Judson Bible ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကိုလည်းကောင်း၊ ကုလားအုတ်များနေရာအရပ်ကိုလည်းကောင်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း လာဗန်က “ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ဝင်လာပါ။ အဘယ်ကြောင့် အပြင်၌ရပ်နေသနည်း။ အကျွန်ုပ်သည် အိမ်ကိုလည်းကောင်း၊ ကုလားအုတ်တို့အတွက် နေရာကိုလည်းကောင်း ပြင်ဆင်ထားပါပြီ”ဟု ဆို၏။ |
``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ်၏အိမ်သို့မဝင်ဘဲမနေ ပါနှင့်။-
အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။ သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။
ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
လာဗန်သည်နှမတွင်နှာဆွဲတန်ဆာနှင့်လက် ကောက်များဝတ်ဆင်ထားသည်ကိုမြင်သည့်ပြင် ထိုသူကနှမအားပြောပြသမျှကိုလည်း ကြားရ၏။ သို့ဖြစ်၍သူသည်ရေတွင်းနားတွင် ကုလားအုတ်တို့အနီး၌ရပ်နေသောအာဗြ ဟံ၏အစေခံထံသို့သွား၍၊-
ငါတို့ကသင့်အားရန်ဖက်မပြုဘဲ သင်တို့အား ကြင်နာ၍အေးချမ်းစွာထွက်သွားစေသည့်နည်း တူ သင်ကငါတို့အားလည်းရန်ဖက်မပြုပါဟု ကတိပြုပါလော့။ ထာဝရဘုရားသည်သင့် အားကောင်းချီးပေးတော်မူကြောင်းသိသာထင် ရှားပါသည်'' ဟုဆို၏။-
လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
သူသည်မိမိ၏မိခင်အား``မိခင်၏ငွေတစ်ဆယ့် တစ်ပိဿာပျောက်ဆုံးသွားစဉ်အခါကခိုး ယူသူအား မိခင်ကျိန်ဆဲခဲ့သည်ကိုကျွန်တော် ကြားရပါသည်။ ထိုငွေသည်ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်ယူမိပါသည်'' ဟု ပြောလေသည်။ သူ၏မိခင်ကလည်း``ငါ့သား၊ ထာဝရဘုရား သည်သင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုဆို၏။-
ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။-