ကမ္ဘာဦး 19:2 - Common Language Bible2 အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။ သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ပျပ်၀ပ် ရှိ ခိုး လျက် အ ရှင် ဘု ရား တို့၊ ကျွန် တော့် အိမ် သို့ လှည့် ၀င် ၍ ခြေ ကို ဆေး ကြ ပါ။ တည်း ခို ပြီး မှ နံ နက် ထ ၍ ကြွ သွား တော် မူ ကြ ပါ ဟု လျှောက် ဆို၏။ ငါ တို့ မ၀င် လို။ လမ်း တွင် နေ တော့ မည် ဟု စေ တ မန် တော် တို့ ဆို ကြ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible2 အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန်၏အိမ်သို့ဝင်၍ တစ်ညလုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တစ်ညလုံးလမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 “အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |