Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 26:29 - Common Language Bible

29 ငါ​တို့​က​သင့်​အား​ရန်​ဖက်​မ​ပြု​ဘဲ သင်​တို့​အား ကြင်​နာ​၍​အေး​ချမ်း​စွာ​ထွက်​သွား​စေ​သည့်​နည်း တူ သင်​က​ငါ​တို့​အား​လည်း​ရန်​ဖက်​မ​ပြု​ပါ​ဟု က​တိ​ပြု​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​ကောင်းချီး​ပေး​တော်​မူ​ကြောင်း​သိ​သာ​ထင် ရှား​ပါ​သည်'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ငါ​တို့​သည် သင့်​ကို​မ​ထိ​မ​ခိုက်၊ ကျေး​ဇူး​ကို​သာ​ပြု၍၊ ငြိမ်​ဝပ်​စွာ​လွှတ်​လိုက်​သည်​နည်း​တူ၊ သင်​သည်​ငါ​တို့​ကို​အ​ပြစ်​မ​ပြု​ရ​ဟု၊ ငါ​တို့​တစ်​ဖက်၊ သင့်​တစ်​ဖက်၊ နှစ်​ဖက်​သား​တို့​သည်၊ သ​စ္စာ​က​တိ​ထား၍ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စို့။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ​ဖြစ်​ပါ၏​ဟု ဆို​ကြ​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထို့ကြောင့် ငါ​တို့​သည် သင့်​ကို​မ​ထိ​၊ သင့်​အပေါ်​ကောင်းမြတ်​သော​အရာ​ကို​သာ​ပြု​ပြီး သင့်​ကို​ငြိမ်းချမ်း​စွာ​လွှတ်လိုက်​သကဲ့သို့ သင်​သည်​လည်း ငါ​တို့​ကို​ဘေးအန္တရာယ်​မ​ပြု​နှင့်​။ အကယ်စင်စစ် သင်​သည် ထာဝရဘုရား​၏​ကောင်းချီး​ကို​ခံရ​သော​သူ​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 26:29
8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။


သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။ သင့်​ကို​ကျိန်​ဆဲ​သူ​တို့​အား​ငါ​ကျိန်​ဆဲ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။


ထို​အ​ချိန်​အ​ခါ​အ​ဘိ​မ​လက်​သည်​သူ​၏​စစ်​ဗိုလ် ချုပ်​ဖိ​ကော​လ​နှင့်​အ​တူ​အာ​ဗြ​ဟံ​ထံ​သို့​သွား ၍``သင်​ဆောင်​ရွက်​သ​မျှ​တို့​၌​ဘု​ရား​သ​ခင်​ပါ ရှိ​တော်​မူ​၏။-


သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-


``ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ကောင်း​ချီး​မင်္ဂလာ​ခံ ရ​သော​သူ၊ ကျွန်ုပ်​၏​အိမ်​သို့​ကြွ​ပါ။ ဤ​နေ​ရာ တွင်​အ​ဘယ်​ကြောင့်​ရပ်​နေ​ပါ​သ​နည်း။ ကျွန်ုပ် ၏​အိမ်​တွင်​သင်​တည်း​ခို​ရန်​အ​ခန်း​ကို​အ​သင့် ပြင်​ပြီး​ပါ​ပြီ။ သင်​၏​ကု​လား​အုတ်​များ​နေ စ​ရာ​လည်း​ရှိ​ပါ​သည်'' ဟု​ခေါ်​ဖိတ်​လေ​သည်။


ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ