ကမ္ဘာဦး 26:28 - Common Language Bible28 သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။- အခန်းကိုကြည့်ပါ။Garrad Bible28-29 ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ ကြောင်း ငါ တို့ အ မှန် သိ မြင် သည် ဖြစ်၍ ငါ တို့ သည် သင့် ကို မ ထိ မ ပါး၊ အ ကောင်း ကို သာ ပြု လျက် ချမ်း သာ စွာ လွှတ် လိုက် သည့် နည်း တူ၊ သင် လည်း ငါ တို့ ကို အ ဆိုး မ ပြု ပါ ဟု ငါ တို့ တစ် ဘက်၊ သင် တစ် ဘက်၊ နှစ် ဘက် သား တို့ သ စ္စာ ထား၍ မိတ် ဖွဲ့ ကြ ကုန် အံ့။ သင် သည် ထာ၀ ရ ဘု ရား ၏ ကောင်း ကြီး မင်္ဂ လာ တော် ခံ ရ သူ ဖြစ် သည် ဟု မိန့် ဆို ကြ လေ သော်၊ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 သူတို့ကလည်း “ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူကြောင်းကို ငါတို့အမှန်သိမြင်သည်ဖြစ်၍ ငါတို့တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျိန်ဆိုခြင်းပြုကြစို့၊ ပဋိညာဉ်ဖွဲ့ကြစို့ဟု ငါတို့တောင်းဆို၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် အာသနှင့်အတူရှိတော် မူကြောင်းကိုတွေ့မြင်ကြသဖြင့် ဧဖရိမ်၊ မနာ ရှေနှင့်ရှိမောင်နယ်မြေများမှလူအမြောက် အမြားအာသဘက်သို့ကူးပြောင်း၍သူ၏ နိုင်ငံတော်တွင်လာရောက်နေထိုင်ကြ၏။ အာသ သည်ဤသူအပေါင်းတို့ကိုလည်းကောင်း၊ ဗင်္ယာ မိန်နှင့်ယုဒပြည်သူတို့ကိုလည်းကောင်း စုဝေးရန်အမိန့်ထုတ်ပြန်တော်မူ၏။-
ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။