ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
ကမ္ဘာဦး 11:4 - Common Language Bible သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။ Garrad Bible လာ ကြ၊ မြေ တစ် ပြင် လုံး၌ အ ရပ် ရပ် ကွဲ ပြား ကြ မည် စိုး၍ မြို့ တစ် မြို့ ကို လည်းကောင်း၊ မိုး ကောင်း ကင် သို့ မှီ လောက် သော အ ထွဋ် ရှိ ရဲ တိုက် တစ် ဆောင် ကို လည်း ကောင်း၊ ကျော် စော ကိ တ္တိ ရှိ ရစ် စေ ခြင်း ငှါ တည် လုပ် ကြ ကုန် အံ့ ဟု ပြော ဆို ကြ ၏။ Judson Bible လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်းတည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။ |
ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
ဒါဝိဒ်သည်ဆားချိုင့်ဝှမ်းမှဧဒုံပြည်သား တစ်သောင်းရှစ်ထောင်ကို သုတ်သင်ရာမှပြန် လာသောအခါပို၍ပင်ထင်ပေါ်ကျော် ကြား၍လာလေသည်။-
သင်္ဘောများသည်လေထဲသို့မြောက်၍သွားကြ ပြီးနောက် ရေထဲသို့ထိုးဆင်းသွားကြ၏။ ယင်းသို့သေဘေးနှင့်တွေ့ကြုံရကြသဖြင့် လူတို့သည်ထိတ်လန့်တုန်လှုပ်ကြကုန်၏။
ကိုယ်တော်ရှင်၏ရန်သူတို့သည်သေကြေပျက်စီး ရကြမည်ကိုလည်းကောင်း၊ သူယုတ်မာအပေါင်းတို့သည် အရေးရှုံးနိမ့်ရကြမည်ကိုလည်းကောင်း ကျွန်တော်မျိုးတို့သိပါ၏။
အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။
ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။-
``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-
``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။-