ဒံယေလ 4:11 - Common Language Bible11 ထိုသစ်ပင်သည်ကမ္ဘာမြေပေါ်တွင်ရှိသမျှ သောလူအပေါင်းတို့မြင်ရကြသည်တိုင် အောင် မိုးကောင်းကင်အထိမြင့်မားလာ လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible11 ထို သစ် ပင် သည် ကြီး ပွား ခိုင် မာ သ ဖြင့် မိုး ကောင်း ကင် တိုင် အောင် မြင့် လျက် မျက် မြင် လည်း မြေ ကြီး စွန်း မှ ထင် ရှား၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုးကောင်းကင်သို့ထိ၍ မြေကြီးစွန်းတိုင်အောင် ထင်ရှား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထိုအပင်သည် ရှင်သန်ကြီးထွားလျက် မိုးထိအောင်မြင့်သဖြင့် မြေကြီးစွန်းမှပင် ထီးထီးကြီးမြင်ရ၏။ အခန်းကိုကြည့်ပါ။ |
ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။-