Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 1:28 - Common Language Bible

28 ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ငါ တို့ ချီ တက် ရ ကြ အံ့ သော ပြည် ကား၊ အ သို့ နည်း။ ပြည် သား တို့ သည် ငါ့ တို့ ထက် အ ရပ် အ မောင်း ကြီး မြင့် လျက် မြို့ များ လည်း ကောင်း ကင် အ ထိ မြင့် သော ခံ မြို့ ကြီး များ ဖြစ်၏။ အာ န က အ မျိုး သား တို့ ကို တွေ့ မြင် ခဲ့ ရ ကြ ပြီ ဟူ၍၊ ဆွေ မျိုး သား ချင်း တို့ ပြန် ကြား သော စ ကား အ တွက် စိတ် ပျက် ကြ ပြီ ဟု ဆို ကြ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ငါ​တို့​သည် မည်သည့်​အရပ်​သို့​သွား​နေ​ကြ​သနည်း​။ ညီအစ်ကို​တို့​က “ထို​ပြည်သား​တို့​သည် အကျွန်ုပ်​တို့​ထက်​ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​ကြ​၏​။ မြို့​များ​သည်​လည်း ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။ ထိုမျှမက အာနက​အမျိုး​တို့​ကို​လည်း ထို​နေရာ​၌ အကျွန်ုပ်​တို့​တွေ့မြင်​ရ​ပါ​၏”​ဟု ဆို​လျက် ငါ​တို့​ကို စိတ်ပျက်အားလျော့​စေ​ပြီ​’​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 1:28
20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က``မိုး​ထိ​အောင်​မြင့်​သော​ရဲ​တိုက်​နှင့် တ​ကွ​မြို့​ကြီး​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ဤ နည်း​အား​ဖြင့်​ငါ​တို့​သည်​ထင်​ရှား​ကျော်​ကြား လာ​၍ ကမ္ဘာ​အ​ရပ်​ရပ်​သို့​မ​ကွဲ​မ​လွင့်​ဘဲ​ရှိ လိမ့်​မည်'' ဟု​ဆို​လေ​၏။


ဧ​ဒုံ​ပြည်​ခေါင်း​ဆောင်​တို့​လည်း​တုန်​လှုပ် ချောက်​ချား​ကြ​၏။ မော​ဘ​ပြည်​အ​ကြီး​အ​ကဲ​တို့​ကြောက်​လန့် ကြ​၏။ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည်​စိတ်​ပျက် အား​လျော့​ကြ​၏။


လူ​အ​ပေါင်း​တို့​၏​လက်​သည်​နုံ့​နဲ့​၍​နေ​လိမ့် မည်။ ထို​သူ​တို့​သည်​သတ္တိ​ကြောင်​၍​နေ​လိမ့် မည်။-


သင်​သည်​အ​ဘယ်​ကြောင့်​ညည်း​တွား​သည်​ကို လူ​တို့​မေး​မြန်း​ကြ​သော​အ​ခါ သင်​ကြား​သိ ရ​သော​သ​တင်း​ကြောင့်​ညည်း​တွား​ရ​ခြင်း ဖြစ်​ကြောင်း​ပြော​ပြ​လော့။ ထို​အ​မှု​အ​ရာ ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​တို့​သည်​နှ​လုံး တုန်​လျက်​သတ္တိ​ကြောင်​ကြ​လိမ့်​မည်။ သူ​တို့ ၏​လက်​များ​သည်​ပျော့​အိ​လျက်​ဒူး​များ လည်း​ပျော့​ခွေ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​ကား ဖြစ်​ပျက်​မည့်​အ​ချိန်​ကျ​ရောက်​ပြီ။ ယ​ခု ပင်​ဖြစ်​ပျက်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏။


``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-


(အာ​ရ​မြို့​တွင်​ယ​ခင်​အ​ခါ​က အ​လွန်​ထွား ကြိုင်း​၍​ခွန်​အား​ကြီး​သော​ဧ​မိမ်​လူ​မျိုး​နေ ထိုင်​ခဲ့​ကြ​၏။-


မြို့​ကို​ကျ​ဆုံး​သည်​အ​ထိ​တိုက်​ခိုက်​ရန်​ခံ​တပ် ဆောက်​လုပ်​ရေး​အ​တွက် အ​ခြား​သစ်​ပင်​များ ကို​ခုတ်​လှဲ​နိုင်​သည်။


``စစ်​ဗိုလ်​များ​က​ဆက်​လက်​၍`သင်​တို့​တွင် သူ​ရဲ​ဘော​နည်း​၍​ကြောက်​ရွံ့​သော​သူ​ရှိ သ​လော။ ရှိ​လျှင်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​သူ့​ကြောင့် အ​ခြား​သူ​တို့​စိတ်​ဋ္ဌာတ်​ကျ ဆင်း​လိမ့်​မည်​ဟု​တပ်​သား​တို့​အား​ပြော ဆို​ရ​မည်။-


``ထို​လူ​မျိုး​တို့​သည်​ငါ​တို့​ထက်​လူ​ဦး​ရေ များ​ပြား​သ​ဖြင့် ငါ​တို့​နှင်​ထုတ်​ခြင်း​ငှာ​မ တတ်​နိုင်​ပါ' ဟူ​၍​မ​ဆို​ကြ​နှင့်။-


ထို့​ကြောင့်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အာ​န​က အ​မျိုး​သား​ဟူ​၍ တစ်​ယောက်​မျှ​အ​သက်​ရှင် ၍​မ​ကျန်​ရစ်​ချေ။ သို့​ရာ​တွင်​ဂါ​ဇ​မြို့၊ ဂါ​သ မြို့​နှင့်​အာ​ဇုတ်​မြို့​များ​၌​သာ​လျှင်​အာ​န​က အ​မျိုး​သား​အ​ချို့​ကျန်​ရှိ​ကြ​သေး​သည်။-


အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​ရောက်​ခဲ့​သူ​တို့​မှာ မူ​ကား လူ​တို့​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ပြန် ကြား​အ​စီ​ရင်​ခံ​ခဲ့​ကြ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့်၊-


ကာ​လက်​သည်​အာ​န​က​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သော​ရှေ​ရှဲ​သား​ချင်း​စု၊ အ​ဟိ​မန် သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့ ကို​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-


ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။


``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-


ကိ​ရ​ယ​သာ​ဘ​ဟု​အ​မည်​တွင်​ခဲ့​သည့်​ဟေ​ဗြုန် မြို့​၌​နေ​ထိုင်​သော​ခါ​နာန်​ပြည်​သား​တို့​ကို​လည်း သွား​ရောက်​တိုက်​ခိုက်​ကြ​၏။ ထို​မြို့​တွင်​ရှေ​ရှဲ အ​ဟိ​မန်​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့​ကို နှိမ်​နင်း​အောင်​မြင်​ကြ​လေ​သည်။


မော​ရှေ​မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း​ကာ​လက်​သည် ဟေ​ဗြုန်​မြို့​ကို​ရ​ရှိ​လေ​သည်။ သူ​သည်​အာ​နက် မှ​ဆင်း​သက်​လာ​သော​သား​ချင်း​စု​သုံး​စု အား​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ