ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
၂ သက် 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ လုပ်ရခြင်းသည် ကျွန်ုပ်တို့တွင် သင်တို့ထံက အကူအညီကို ရပိုင်ခွင့်မရှိသောကြောင့် မဟုတ်။ ကျွန်ုပ်တို့ထံက သင်တို့ယူစရာ စံနမူနာ ရှိစေလိုသောကြောင့် ဖြစ်၏။ Common Language Bible ယင်းသို့ပြုကြခြင်းမှာငါတို့တွင်သင်တို့ ၏အထောက်အပံ့ကိုတောင်းပိုင်ခွင့်မရှိကြ ၍မဟုတ်။ သင်တို့လိုက်လျှောက်ရန်စံနမူနာ ရရှိကြစေရန်သာဖြစ်၏။- Garrad Bible ထို သို့ နေ ခဲ့ ကြ သည် မှာ ဆွမ်း ခံ ခွင့် မ ရှိ သော ကြောင့် မ ဟုတ်။ သင် တို့ လိုက် အပ် သော ပုံ စံ ကို ပေး ခြင်း ငှါ တည်း။ Judson Bible ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဖို့ ပုံသက်သေ ဖြစ်စေခြင်းငှာပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။ |
ခရီးဆောင်အိတ်၊ အင်္ကျီအပို၊ ဖိနပ်အပို၊ တောင်ဝှေးတို့ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်ကိုလည်း လက်ခံရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် စားစရာကို ရထိုက်သောကြောင့်ဖြစ်၏။
ငါသည် သင်တို့အတွက် စံနမူနာကို ငါပြခဲ့ပြီ။ သင်တို့ကို ငါပြုသကဲ့သို့ သင်တို့အချင်းချင်းသည်လည်း ပြုကြရမည်။
နှုတ်ကပတ်တရားတော်ကို သင်ယူသောသူသည် သင်ကြားပေးသော မိမိဆရာသမားအား ကောင်းသောအရာဟူသမျှကို ဝေမျှ၍ ထောက်ပံ့ရမည်။
ယေရှုခရစ်တော်၏ တမန်တော်များဖြစ်သည့် ကျွန်ုပ်တို့သည် မိမိတို့၏ အခွင့်အာဏာကို သုံးနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ တစ်ဦးတစ်ယောက်ထံမှဖြစ်စေ လူတို့၏ချီးမွမ်းခြင်းကို ခံရရန် မကြိုးစားဘဲ
ကျွန်ုပ်တို့၏ စံနမူနာကို သင်တို့မည်သို့ ယူသင့်သည်ကို သိကြ၏။ ကျွန်ုပ်တို့သည် သင်တို့နှင့် အတူနေထိုင်စဉ်က ပျင်းရိလေလွင့်၍ မနေခဲ့ကြ။
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။
ထိုသို့ သင်တို့အား အပ်ထားသောသူတို့ကို အုပ်ထိန်းရာတွင် အုပ်စိုးခြယ်လှယ်မှုမပြုဘဲ သိုးစုကဲ့သို့သော လူတို့အတွက် စံနမူနာဖြစ်စေကြလော့။