၂ ယော 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ချစ်ခင်ရသောအမျိုးသမီး… ကျွန်ုပ်သည် သင့်ထံ ပညတ်သစ်ကို ရေးလိုက်သည်မဟုတ်။ အစဦးကပင် ကျွန်ုပ်တို့၌ ရှိသောပညတ်တော်ကို ရေး၍ အချင်းချင်းချစ်ကြရန် တောင်းပန်ပါ၏။ Common Language Bible သို့ဖြစ်၍ချစ်သောအမျိုးသမီးကြီး၊ ငါတို့ အချင်းချင်းချစ်ကြရန်သင့်အားငါတောင်း ပန်၏။ ဤပညတ်ကားအသစ်အဆန်းမဟုတ်။ အစကတည်းကပင်လျှင်ငါတို့ရရှိသည့် ပညတ်ဖြစ်ပေသည်။- Garrad Bible ယ ခု မှာ အ ရှင် မ၊ ငါ တို့ သည် အ ချင်း ချင်း ချစ် ကြ ရ မည့် အ ကြောင်း ပ ညတ် သစ် ကို မ ဟုတ်။ အ စ ဦး က ငါ တို့ ရ ရှိ ရင်း ပ ညတ် တော် ကို ထောက်၍ ငါ တောင်း ပန် လျက် ရေး လိုက်၏။ Judson Bible ယခုတွင် ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍၊ သခင်မ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဂုဏ်သရေရှိအမျိုးသမီး၊ ပညတ်တော်အသစ်မဟုတ်ဘဲ အစအဦးကပင် ငါတို့၌ရှိသောပညတ်တော်ကို သင့်ထံရေးသားလျက် ငါတို့အချင်းချင်းချစ်ကြစို့ဟု ယခု သင့်အား ငါတောင်းပန်၏။ |
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
အချင်းချင်း ချစ်ကြရန် သင်တို့ကို ဘုရားသခင်ကိုယ်တိုင် သွန်သင်တော်မူခဲ့သောကြောင့် ယခုတွင် သင်တို့အချင်းချင်း ချစ်ကြရမည့်အကြောင်းကို သင်တို့ထံ စာရေးရန် မလိုပေ။
အရေးကြီးဆုံးအရာမှာ အချင်းချင်းနှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အပြစ်များစွာကို ဖုံးအုပ်တတ်သောကြောင့်ဖြစ်၏။
ဘုရားတရားကိုင်းရှိုင်းခြင်း၌ ညီအစ်ကိုမောင်နှမချစ်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမချစ်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသီးသီးထပ်မံဖြည့်စွက်ရန် ကြိုးစားအားထုတ်ကြလော့။
“ကျွန်ုပ်တို့အချင်းချင်း ချစ်ကြရမည်” ဟူသော ဤတရားစကားသည် အစဦးကပင် သင်တို့ ကြားခဲ့ရသောအရာ ဖြစ်၏။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။
တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကို ချစ်သည်” ဟု ဆိုသော်လည်း မိမိညီအစ်ကိုမောင်နှမကို မုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိဖြင့် မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို ချစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။