နေ့အချိန်၌ ပြုမူနေထိုင်သကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။
၂ ပေ 2:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ပြုခဲ့သော မတရားမှုအတွက် မတရားမှုဖြင့် ပြန်လည်ပြုမူခံရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ လွန်ကြူးစွာ ပျော်ပါးသောက်စားခြင်းကို ပျော်ရွှင်မှုဟု ထင်မှတ်ကြ၏။ သင်တို့နှင့်အတူ ချစ်ခြင်းမေတ္တာပွဲတွင် စားသောက်ကြသော်လည်း လှည့်စားမှု၌ ပျော်မွေ့ကြ၍ သူတို့သည် အစွန်းအထင်း အပြစ်အနာအဆာသဖွယ် ဖြစ်ကြ၏။ Common Language Bible သူတို့သည်သူတစ်ပါးတို့အားထိခိုက်နာ ကျင်စေသကဲ့သို့မိမိတို့လည်းထိခိုက် နာကျင်ရကြလိမ့်မည်။ သူတို့သည်နေ့ခင်း ကြောင်တောင်သေသောက်ကြူး၍ပျော်ပါး ကြ၏။ သူတို့သည်သင်တို့နှင့်အတူစားပွဲ တွင်ထိုင်၍စားသောက်လျက် သင်တို့၏ဂုဏ် သိက္ခာကိုညစ်စွန်းစေကြ၏။ သူတို့သည် လှည့်စားမှုကိုနှစ်သက်ကြ၏။- Judson Bible နေ့အချိန်၌ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘောရှိ၏။ သင်တို့နှင့်အတူ စားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ်ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မတရားမှု၏အဖိုးအခအဖြစ် မတရားသဖြင့်ပြုမူခြင်းကို ခံကြရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပျော်ရွှင်မှုဟုမှတ်ယူလျက် သင်တို့နှင့်အတူစားသောက်စဉ် မိမိတို့၏လှည့်ဖြားမှုထဲ၌ မွေ့လျော်ကြ၍ အစွန်းအထင်းနှင့်အပြစ်အနာအဆာများကဲ့သို့ဖြစ်ကြ၏။ |
နေ့အချိန်၌ ပြုမူနေထိုင်သကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူနေထိုင်ကြရမည်။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။
အစွန်းအထင်း၊ အတွန့်အကြေတို့နှင့် အခြားထိုသို့သောအနာအဆာ တစ်စုံတစ်ခုမျှ မရှိဘဲ သန့်ရှင်းလျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်အဖြစ် မိမိထံ ဆက်သရန် ဖြစ်၏။
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
ပန်းတဉ်းဆရာ အလက်ဇန်းဒါးသည် ကျွန်ုပ်ကို အလွန်ဆိုးရွားစွာ ပြုခဲ့၏။ သူပြုခဲ့သည့် အပြုအမူများအတွက် သခင်ဘုရားစီရင်တော်မူလိမ့်မည်။
သင်တို့သည် ဤလောကတွင် စည်းစိမ်ခံစားလျက် ဇိမ်ကျကျ နေကြပြီ။ အသတ်ခံကြရမည့်နေ့အတွက် မိမိကိုယ်ကိုယ် ဆူဖြိုးအောင် ကျွေးမွေးခဲ့ကြပြီ။
ယခုတွင် သင်တို့သည် ထိုသူတို့နှင့်အတူ အထိန်းအကွပ်မဲ့အပျော်ကြူးခြင်းတို့၌ မပါဝင်တော့သောကြောင့် သူတို့သည် အံ့သြလျက် သင်တို့ကို စော်ကားပြောဆိုကြ၏။
သူတို့သည် လမ်းဖြောင့်မှ သွေဖယ်၍ မတရားမှုမှ ရရှိသောအခကြေးငွေကို နှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏ လမ်းစဉ်ကို လိုက်ကြ၏။
သူတစ်ပါးကို သူပြုခဲ့သည့်အတိုင်း သူ့အား ပြန်၍ ပြုကြလော့။ သူပြုမူခဲ့သည့်အရာအတွက် နှစ်ဆတိုး၍ တုံ့ပြန်ကြလော့။ သူရောစပ်ပေးသည့် ခွက်၌ သူ့အတွက် နှစ်ဆတိုး၍ ရောစပ်ပေးကြလော့။