ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
၂ တိ 3:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ ဘုရားသခင်၏လူတို့သည် ကောင်းမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခံရလျက် အရည်အချင်းပြည့်ဝသူ ဖြစ်လာရန်ပင် ဖြစ်၏။ Common Language Bible ဘုရားသခင်၏အမှုတော်ဆောင်သည်ကောင်း မြတ်သည့်အမှုအမျိုးမျိုးတို့ကိုဆောင်ရွက် ရန်လိုအပ်သည့်ပြင်ဆင်မှုရှိပြီးလျှင် အရည် အချင်းများနှင့်ပြည့်ဝစုံလင်၍လာပေအံ့။ Judson Bible ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။ |
ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
ဘုရားသခင်သည် သင်တို့အတွက် ကျေးဇူးတော်တိုင်းကို ကြွယ်ဝစွာ ပေးသနားရန် တတ်နိုင်တော်မူ၏။ ဤသည်မှာ လိုအပ်သောအရာများကို အစဉ်ရရှိခြင်းအားဖြင့် သင်တို့သည် ကောင်းမှုတိုင်းတွင် ကူညီမစနိုင်ရန်ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
သို့သော် တိမောသေ… သင်သည် ဘုရားသခင်၏လူဖြစ်သောကြောင့် ထိုအရာတို့ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်ရန် အမြဲကြိုးစားလော့။
တစ်စုံတစ်ယောက်သည် အထက်ပါမကောင်းသောအကျင့်တို့ကို ဖယ်ရှားလျှင် သူသည် အိမ်ရှင်အတွက် သန့်ရှင်း၍ အသုံးဝင်သည့် ဂုဏ်သရေရှိအသုံးအဆောင်၊ ကောင်းသောအရာများအတွက် ပြင်ဆင်သောအသုံးအဆောင် ဖြစ်လာမည်။
သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဝန်ခံသော်လည်း သူတို့၏ အပြုအမူဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်ကောင်းမှုကိုမျှ ပြုနိုင်စွမ်းမရှိသောသူများ ဖြစ်ကြ၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
အုပ်ချုပ်သူများနှင့် အာဏာပိုင်များကို နာခံကြရန် ကရေတေကျွန်း၌ နေထိုင်ကြသောယုံကြည်သူတို့အား သတိပေးလော့။ သူတို့သည် နာခံ၍ ကောင်းမှုအမျိုးမျိုးကို အချိန်မရွေးပြုနိုင်ရန် အဆင်သင့်ဖြစ်နေရမည်။
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။