အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
၂ တိ 3:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်ဆုံးသောနေ့ရက်များ၌ အလွန်ခက်ခဲသောအချိန် ရှိလိမ့်မည်ဖြစ်ကြောင်း သင်သိထားရမည်။ Common Language Bible အဆုံးစွန်သောနေ့ရက်တို့သည်ကြပ်တည်း ခဲယဉ်းသောကာလဖြစ်မည်ကိုသိမှတ်လော့။- Garrad Bible သို့ ရာ တွင် နောက် ဆုံး နေ့ ရက် ကာ လ၌ ခဲ ယဉ်း သော အ ဖြစ် အ ပျက် များ ရောက် လာ မည် ကို သိ မှတ် လော့။ Judson Bible နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် နောက်ဆုံးသောနေ့ရက်တို့၌ ခဲယဉ်းသောအချိန်ကာလများကျရောက်မည်ဖြစ်ကြောင်း သိမှတ်လော့။ |
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။