အဘယ်ကြောင့် ကျွန်ုပ်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရသနည်း။ သင်တို့ကို မချစ်သောကြောင့်လော။ သင်တို့ကို ကျွန်ုပ်ချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
၂ ကော 7:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ပြောသည်မှာ သင်တို့ကို အပြစ်တင်လို၍ မဟုတ်။ ယခင်က ကျွန်ုပ်ပြောခဲ့သည့်အတိုင်း သင်တို့သည် ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ သေအတူရှင်မကွဲ ရှိနေကြသောကြောင့်ဖြစ်၏။ Common Language Bible ဤသို့ဆိုရာ၌သင်တို့အားပြစ်တင်ရှုတ်ချ လို၍မဟုတ်။ ယခင်ကဖော်ပြခဲ့သည်အတိုင်း ငါတို့သည်သင်တို့နှင့်သေအတူရှင်မကွဲ ဖြစ်လိုသည်တိုင်အောင် သင်တို့အားချစ်သော ကြောင့်ဖြစ်၏။- Garrad Bible ထို သို့ ဆို သည် မှာ သင် တို့ ကို အ ပြစ် မ စီ ရင် လို၊ အ ထက် က ငါ ဆို ခဲ့ သည့် အ တိုင်း သေ သည် ဖြစ် စေ၊ ရှင် သည် ဖြစ် စေ၊ သင် တို့ ကို ငါ တို့ စိတ်၌ ထား ကြ ပြီ။ Judson Bible သင်တို့ကို အပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့်အတူ အသက်ရှင်ခြင်းငှာလည်းကောင်း၊ သေခြင်းငှာလည်းကောင်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား အပြစ်တင်လို၍ ဤသို့ ငါပြောသည်မဟုတ်။ အကြောင်းမူကား ယခင်က ငါပြောခဲ့သည့်အတိုင်း သင်တို့သည် ငါတို့၏စိတ်နှလုံးထဲ၌ သေအတူရှင်မကွာရှိနေကြ၏။ |
အဘယ်ကြောင့် ကျွန်ုပ်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရသနည်း။ သင်တို့ကို မချစ်သောကြောင့်လော။ သင်တို့ကို ကျွန်ုပ်ချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ထို့ကြောင့် ကျွန်ုပ်သည် သင်တို့၏စိတ်ဝိညာဉ်အတွက် ကျွန်ုပ်၌ ရှိသမျှသောငွေကြေးဥစ္စာများနှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်သည် သင်တို့အပေါ် ဤမျှမေတ္တာထားလျှင် ကျွန်ုပ်အပေါ်ထားသော သင်တို့၏မေတ္တာသည် လျော့ပါးသွားမည်လော။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
သင်တို့ကိုယ်တိုင်သည် ကျွန်ုပ်တို့၏နှလုံးသား၌ ရေးထားသည့် လူတိုင်းဖတ်ရှု၍ သိနိုင်သော ကျွန်ုပ်တို့၏ထောက်ခံစာဖြစ်၏။
ထို့ကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်သော်လည်း ထိုသို့ရေးရခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့် မဟုတ်သကဲ့သို့ နစ်နာသောသူအတွက်ကြောင့်လည်း မဟုတ်။ သင်တို့သည် ဘုရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့ကို မည်မျှ ချစ်ခင်ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်နိုင်ရန်သာဖြစ်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ကို အလွန် ချစ်သောကြောင့် ဘုရားသခင်၏သတင်းကောင်းကို ဝေမျှသည်သာမက ကျွန်ုပ်တို့၏ ဘဝကိုပင် သင်တို့အတွက် ပေးဆပ်ရန် ဆန္ဒရှိကြ၏။