အမျိုးသမီးတစ်ဦးသည် သားဖွားချိန်၌ ဝေဒနာပြင်းစွာခံစားရ၏။ သို့သော် မီးဖွားပြီးသောအခါ လူ့လောကထဲသို့ လူတစ်ယောက် မွေးဖွားလာသည့်အတွက် ဝမ်းမြောက်သဖြင့် မိမိခံစားခဲ့ရသောဝေဒနာကို မေ့လျော့တတ်၏။
၂ ကော 7:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အားလုံးက နာခံ၍ ကြောက်ရွံ့တုန်လှုပ်လျက် သူ့အား လက်ခံခဲ့ကြောင်းကို တိတုသည် သတိရသဖြင့် သင်တို့ကို ပို၍ ချစ်ခင်မြတ်နိုးလာ၏။ Common Language Bible သူ၏စကားကိုသင်တို့လိုက်နာရန်အသင့် ရှိကြသည်ကိုလည်းကောင်း၊ ကြောက်ရွံ့တုန် လှုပ်လျက်သူ့အားကြိုဆိုလက်ခံကြသည် ကိုလည်းကောင်းသူသည်သတိရသဖြင့် သင်တို့အားပို၍ပင်ချစ်ခင်မြတ်နိုးလာ ပေသည်။- Garrad Bible တိ တု လည်း သင် တို့ ရှိ သ မျှ လိုက် နာ လျက် ကြောက် ရွံ့ တုန် လှုပ် စွာ သူ့ ကို လက် ခံ ကြ ကြောင်း သ တိ ရ၍ သင် တို့ အား အ ထူး နှစ် သက် လေ ၏။ Judson Bible သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍ နားထောင်ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။- မြန်မာ့စံမီသမ္မာကျမ်း တိတုသည် သင်တို့အားလုံး၏နာခံမှုနှင့် သင်တို့သည် သူ့ကိုကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြိုဆိုလက်ခံခဲ့ကြောင်းကို သတိရသဖြင့် သင်တို့ကို ပို၍ကြွယ်ဝစွာချစ်ခင်ကြင်နာလေ၏။ |
အမျိုးသမီးတစ်ဦးသည် သားဖွားချိန်၌ ဝေဒနာပြင်းစွာခံစားရ၏။ သို့သော် မီးဖွားပြီးသောအခါ လူ့လောကထဲသို့ လူတစ်ယောက် မွေးဖွားလာသည့်အတွက် ဝမ်းမြောက်သဖြင့် မိမိခံစားခဲ့ရသောဝေဒနာကို မေ့လျော့တတ်၏။
ထောင်မှူးသည် မီးတိုင်ကို တောင်း၍ အလျင်အမြန်ပြေးဝင်ပြီးလျှင် ပေါလုနှင့် သိလတို့ရှေ့၌ ကြောက်ရွံ့တုန်လှုပ်လျက် ပျပ်ဝပ်လေ၏။
ကျွန်ုပ်သည် သင်တို့ထံသို့ ရောက်လာချိန်က အားနည်း၍ ကြောက်ရွံ့လျက်၊ တုန်လှုပ်လျက် ရှိ၏။
ကျွန်ုပ်စာရေးပို့ရသော အခြားအကြောင်းရင်းမှာ သင်တို့သည် ကျွန်ုပ်၏ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်ကို သိလိုသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် သင်တို့အပေါ်ထားသော မေတ္တာတရားကို ကန့်သတ်ပိတ်ပင်ထားသည်မဟုတ်။ သင်တို့ကသာ ကျွန်ုပ်တို့အပေါ် ထားရမည့်မေတ္တာတရားကို ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်၏။
ကျွန်ဖြစ်သူတို့… သင်တို့သည် ခရစ်တော်ကို နာခံသကဲ့သို့ သင်တို့၏ လောကီသခင်တို့ကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်နှင့် နာခံကြလော့။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ မေတ္တာကရုဏာမျိုးဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
ထို့ကြောင့် သင်တို့သည်ဘုရားသခင် ရွေးချယ်တော်မူသောသူများ၊ သီးသန့်ထားတော်မူသောသူများ၊ ချစ်တော်မူသောသူများဖြစ်သည့်အားလျော်စွာ ကရုဏာထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
တစ်စုံတစ်ယောက်သည် ဤစာတွင် ပါသော ညွှန်ကြားချက်များကို နားမထောင်လျှင် ထိုသူကို အရှက်ရစေရန် မှတ်သားထား၍ ထိုသူနှင့် မပေါင်းဖော်ကြနှင့်။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။