ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
၂ ကော 7:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရရှိစေမည့် နောင်တစိတ်ကို ဖြစ်ပေါ်စေပြီး ပူဆွေးဝမ်းနည်းရခြင်းမျိုး မရှိပေ။ သို့သော် လောကီနှင့်ဆိုင်သော ဝမ်းနည်းခြင်းသည် သေခြင်းတရားကို ဖြစ်ပေါ်စေ၏။ Common Language Bible ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။- Garrad Bible ဘု ရား သ ခင့် နည်း လမ်း တော် အ တိုင်း ပူ ပန် ခြင်း အ ကျိုး သည် ကယ် တင် ခြင်း အ လို့ ငှာ နှ မြော ခြင်း ကင်း သော နောင် တ ရ ခြင်း ဖြစ်၏။ ဤ လော က နည်း လမ်း အ တိုင်း ပူ ပန် ခြင်း အ ကျိုး ကား သေ ခြင်း တည်း။ Judson Bible အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့်ယှဉ်သော နောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ယူကျုံးမရမဖြစ်ရလေအောင် ကယ်တင်ခြင်းရရှိစေသည့် နောင်တစိတ်ကိုဖြစ်ပေါ်စေ၏။ လောကီဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်ပေါ်စေ၏။ |
ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။
နောက်တစ်ကြိမ် ကျွန်ုပ်ရောက်လာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ကျွန်ုပ်ကို နှိမ့်ချတော်မူ၍ ယခင်က ကျူးလွန်ခဲ့သည့် စက်ဆုပ်ညစ်ညမ်းခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ကာမဂုဏ်လိုက်စားခြင်းတို့ကို ယခုတိုင်အောင် ကျူးလွန်လျက် နောင်တမရသေးသောသူများစွာအတွက်ကြောင့် ကျွန်ုပ်ဝမ်းနည်းရမည်ကိုလည်း စိုးရိမ်၏။
ယခု ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့ဝမ်းနည်းခဲ့ရသည့်အတွက်မဟုတ်။ သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့် ဝမ်းမြောက်ခြင်းဖြစ်၏။ သင်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ကျွန်ုပ်တို့ကြောင့် နာကျင်ရသည်ဟူ၍ မရှိခဲ့ပေ။
သင်တို့သိသည့်အတိုင်း ဧသောသည် နောက်မှ ဖခင်၏ ကောင်းချီးကို အမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခံရ၏။ မျက်ရည်ကျ၍ တောင်းသော်လည်း ဖခင်၏စိတ်ကို မပြောင်းလဲနိုင်ပေ။