၂ ကော 4:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးဖြင့် ဖိနှိပ်ခံရသော်လည်း မပြိုလဲ။ ဖြစ်ပျက်နေသည့်အရာများအတွက် ဇဝေဇဝါဖြစ်ရသော်လည်း စိတ်ပျက်အားလျော့ခြင်းမရှိ။ Common Language Bible ငါတို့သည်မကြာခဏဆင်းရဲဒုက္ခရောက် ကြသော်လည်းနာလန်မထူနိုင်အောင်မဖြစ်။ တစ်ခါတစ်ရံစိတ်ရှုပ်ထွေးကြသော်လည်း အဘယ်အခါ၌မျှစိတ်မပျက်။- Garrad Bible ငါ တို့ သည် အ ဖက် ဖက် က ဖိ စီး ခံ ရ သော် လည်း ကျဉ်း မြောင်း သည် မ ဟုတ်။ ရှုပ် ထွေး ရ သော် လည်း စိတ် ပျက် သည် မ ဟုတ်။ ညှဉ်း ပန်း ခံ ရ သော် လည်း ခို ရာ မဲ့ မ ဟုတ်။ Judson Bible ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် အဘက်ဘက်မှနှိပ်စက်ခြင်းခံရသော်လည်း ချေမှုန်းခြင်းမခံရ။ တွေးမရဖြစ်သော်လည်း မျှော်လင့်ချက်ကင်းမဲ့သည်ဟူ၍မရှိ။ |
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် သင်တို့အပေါ်ထားသော မေတ္တာတရားကို ကန့်သတ်ပိတ်ပင်ထားသည်မဟုတ်။ သင်တို့ကသာ ကျွန်ုပ်တို့အပေါ် ထားရမည့်မေတ္တာတရားကို ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်၏။
ထိုသို့ဖြစ်စေမည့်အစား ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများကို အလွန်သည်းခံလျက် ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြ၏။
မာကေဒေါနိပြည်သို့ ကျွန်ုပ်တို့ရောက်သောအခါ ကျွန်ုပ်တို့သည် စိတ်သက်သာရာရသည်ဟူ၍မရှိ။ ပြင်ပအတိုက်အခိုက်များ၊ အတွင်းကြောက်စိတ်များဖြင့် အဘက်ဘက်မှ နှိပ်စက်မှုများကို ခံရကြ၏။
ကျွန်ုပ်သည် သင်တို့နှင့် ပတ်သက်၍ မည်သို့ပြုရမည်နည်းဟု စဉ်းစားရခက်သဖြင့် ယခုပင် သင်တို့ကို ကိုယ်တိုင်တွေ့၍ ကျွန်ုပ်၏ လေသံကို ပြောင်းလို၏။