၂ ကော 4:8 - Common Language Bible8 ငါတို့သည်မကြာခဏဆင်းရဲဒုက္ခရောက် ကြသော်လည်းနာလန်မထူနိုင်အောင်မဖြစ်။ တစ်ခါတစ်ရံစိတ်ရှုပ်ထွေးကြသော်လည်း အဘယ်အခါ၌မျှစိတ်မပျက်။- အခန်းကိုကြည့်ပါ။Garrad Bible8 ငါ တို့ သည် အ ဖက် ဖက် က ဖိ စီး ခံ ရ သော် လည်း ကျဉ်း မြောင်း သည် မ ဟုတ်။ ရှုပ် ထွေး ရ သော် လည်း စိတ် ပျက် သည် မ ဟုတ်။ ညှဉ်း ပန်း ခံ ရ သော် လည်း ခို ရာ မဲ့ မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible8 ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ငါတို့သည် အဘက်ဘက်မှနှိပ်စက်ခြင်းခံရသော်လည်း ချေမှုန်းခြင်းမခံရ။ တွေးမရဖြစ်သော်လည်း မျှော်လင့်ချက်ကင်းမဲ့သည်ဟူ၍မရှိ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးဖြင့် ဖိနှိပ်ခံရသော်လည်း မပြိုလဲ။ ဖြစ်ပျက်နေသည့်အရာများအတွက် ဇဝေဇဝါဖြစ်ရသော်လည်း စိတ်ပျက်အားလျော့ခြင်းမရှိ။ အခန်းကိုကြည့်ပါ။ |
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-