ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်းဖြစ်သည်ဟု ခံယူကြလျက် သူတစ်ပါးအား မထီမဲ့မြင်ပြုသူတချို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။
၂ ကော 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေဒဏ်စီရင်ခြင်းခံရပြီဟု ပင် ကျွန်ုပ်တို့ထင်မှတ်ခဲ့ကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းက ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသော ဘုရားသခင်ကိုသာ အားကိုးရန် ဖြစ်၏။ Common Language Bible ငါတို့သည်သေဒဏ်စီရင်ခြင်းခံရသူများ ဟုမိမိတို့ကိုယ်တိုင်ကိုထင်မှတ်ကြ၏။ သို့ ရာတွင်ဤသို့ဖြစ်ပျက်ရခြင်းမှာငါတို့ သည် မိမိတို့ကိုယ်ကိုအားမကိုးဘဲ သူသေ တို့အားရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်ကိုအားကိုးကြစေရန်ဖြစ် ၏။- Garrad Bible သေ ဒဏ် စီ ရင် ချက် ကို ခံ ရ ပြီ ဟု ထင် ရာ ရောက် ကြ သ တည်း။ သို့ မှ ကိုယ်၌ စိတ် မ ချ ရ ဘဲ ထို မျှ လောက် ကြီး သော သေ ဘေး က ကယ် နုတ် သည့် အ လျောက် ထပ် မံ ကယ် နုတ် မည့် ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် စေ တော် မူ သော ဘု ရား သ ခင်၌ စိတ် ချ ခွင့် ရှိ၏။ သင် တို့ လည်း အ သ နား တော် ခံ လျက် ကူ ညီ ကြ သည် နှင့် အ ညီ ကယ် နုတ် တော် မူ ဦး မည် ဟု ငါ တို့ အား ကိုး မြော် လင့် ကြ၏။ ထို သို့ အ များ တို့ ဖူး မြော် ခြင်း ကြောင့် ငါ တို့ ခံ စား ရ သော ဆု ကျေး ဇူး တော် အ တွက် အ များ တို့ သည် ဂုဏ် တော် ကို ချီး မွမ်း ကြ ရ လိမ့် မည်။ Judson Bible ငါတို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သေဒဏ်စီရင်ခံရပြီဟု မိမိတို့စိတ်ထဲ၌ခံစားမိကြ၏။ ဤသည်ကား ငါတို့သည် မိမိကိုယ်ကိုမကိုးစားဘဲ သေသောသူတို့ကိုထမြောက်စေတော်မူသော ဘုရားသခင်ကိုကိုးစားကြရန်ဖြစ်၏။ |
ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်းဖြစ်သည်ဟု ခံယူကြလျက် သူတစ်ပါးအား မထီမဲ့မြင်ပြုသူတချို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။
ကျမ်းစာ၌ “ကျွန်ုပ်တို့သည် အရှင့်အတွက် တစ်နေ့လုံးသေဘေးနှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့သည် အကျွန်ုပ်တို့ကို သတ်ရန် လျာထားသည့် သိုးများကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထိုမျှလောက်ကြီးမားသော သေဘေးမှ ကယ်တင်တော်မူပြီ။ ထပ်မံ၍လည်း ကယ်တင်တော်မူလိမ့်မည်။ ဆက်လက်၍ ကယ်တင်တော်မူလိမ့်မည်ဟု ကိုယ်တော်ကို ကျွန်ုပ်တို့ မျှော်လင့်ကြ၏။
ညီအစ်ကိုမောင်နှမတို့… အာရှပြည်၌ ကျွန်ုပ်တို့ ခံခဲ့ရသော ဆင်းရဲဒုက္ခကို သင်တို့ မသိဘဲမနေစေလိုပါ။ ကျွန်ုပ်တို့သည် မိမိတို့ခံနိုင်ရည်စွမ်းထက် ကျော်လွန်သော ဆင်းရဲဒုက္ခကို ခံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ကင်းမဲ့ခဲ့၏။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အရာရာကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း ထင်မှတ်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သည် ဘုရားသခင်ထံမှ ဖြစ်၏။
ထွန်းလင်းနေသည့် ထိုရတနာသည် မြေအိုးသဖွယ်ဖြစ်သော ကျွန်ုပ်တို့ထဲ၌ ရှိ၏။ ဤသည်မှာ သတင်းကောင်း၏ကြီးမြတ်သောတန်ခိုးသည် ကျွန်ုပ်တို့ထံမှ မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်း ပေါ်လွင်စေရန်ဖြစ်၏။
ဘုရားသခင်သည် လူသေများကိုပင် ထမြောက်စေနိုင်ကြောင်း အာဗြဟံသည် ဆင်ခြင်သုံးသပ်ခဲ့၏။ ပုံဥပမာအားဖြင့် ဆိုရလျှင် ဣဇာက်ကို သေခြင်းမှ ပြန်လည်ရရှိခဲ့၏။