ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
၁ ယော 5:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်သောသားသမီးတို့… ရုပ်တုများကို ရှောင်ကြဉ်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင် ပြီးပါပြီ။ Common Language Bible သားသမီးတို့၊ သင်တို့သည်ဘုရားအတု အယောင် များကိုရှောင်ကြလော့။ ရှင်ယောဟန်သြဝါဒစာပထမစောင်ပြီး၏။ Garrad Bible သူ ငယ် တို့၊ ရုပ် ပွား များ မှ ကိုယ် ကို စောင့် ထိန်း ကြ လော့။ Judson Bible ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင်ပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ ရုပ်တုများကိုရှောင်ကြဉ်ကြလော့။ |
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ကျမ်းစာ၌ “လူတို့သည် ထိုင်၍ စားသောက်ကြ၏။ တစ်ဖန် ထ၍ ကခုန်မြူးထူး၍ မွေ့လျော်ကြ၏” ဟု ဖော်ပြထားသည့်အတိုင်း သင်တို့သည် ထိုသူတို့အထဲမှတချို့ကဲ့သို့ ရုပ်တုကိုးကွယ်သူများ မဖြစ်ကြနှင့်။
သင်တို့ထံ ကျွန်ုပ်တို့ရောက်ခဲ့စဉ် သင်တို့သည် ကျွန်ုပ်တို့ကို မည်သို့ လက်ခံခဲ့ကြောင်းကိုလည်းကောင်း၊ အသက်ရှင်၍ စစ်မှန်သည့် ဘုရားသခင်ကို အစေခံရန် သင်တို့သည် ရုပ်တုကိုးကွယ်နေခဲ့ရာမှ ဘုရားသခင်ထံ မည်သို့ပြောင်းလဲခဲ့ကြောင်းကိုလည်းကောင်း ထိုဒေသတွင် နေထိုင်သူများက ပြောပြကြ၏။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။
ထိုသို့ သူတို့ခံရသည့် ညှဉ်းဆဲခြင်း၏မီးခိုးတို့သည် အစဉ်ထာဝရ အထက်သို့ တက်နေ၏။ သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍ သူ့အမည်၏ အမှတ်တံဆိပ်ကို ရိုက်နှိပ်ခံထားသောသူတို့သည် နေ့ညမပြတ် သက်သာရာရလိမ့်မည်မဟုတ်” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
ဤဘေးဒဏ်ကြောင့် မသေဘဲ ကျန်ရစ်သောလူတို့သည် မိမိတို့ကျူးလွန်သောအရာများအတွက် နောင်တမရကြ။ ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသည့် မမြင်နိုင်၊ မကြားနိုင်၊ မသွားနိုင်သော ရုပ်တုများနှင့်နတ်ဆိုးများကို ဆက်လက်ကိုးကွယ်ကြ၏။