၁ ယော 5:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်၍ ပညတ်တော်တို့ကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများကို ချစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ Common Language Bible ငါတို့သည်ဘုရားသခင်ကိုချစ်၍ပညတ် တော်ကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင် ၏သားသမီးများကိုငါတို့ချစ်ကြောင်း ငါတို့သိကြရ၏။- Garrad Bible ဘု ရား သ ခင် ကို ချစ် လျက် ပ ညတ် တော် များ အ တိုင်း ပြု ကျင့် ကြ သည် အား ဖြင့် ဘု ရား သ ခင်၏ သား သ မီး တို့ ကို ချစ် သည် ဟု ငါ တို့ သိ ရ ကြ၏။ Judson Bible ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြလျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဘုရားသခင်ကိုချစ်၍ ဘုရားသခင်၏ပညတ်တော်တို့ကိုလိုက်နာကျင့်သုံးကြလျှင် ထိုအမှုအရာအားဖြင့် ငါတို့သည် ဘုရားသခင်၏သားသမီးများကိုချစ်ကြောင်း ငါတို့သိကြ၏။ |
ကျွန်ုပ်တို့သည် ပညတ်တော်တို့ကို လိုက်နာလျှင် ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်ကြောင်း သိရ၏။
ဘုရားသခင်၏စကားတော်ကို နားထောင်သောသူသည် ဘုရားသခင်ကို အကြွင်းမဲ့ချစ်သောသူဖြစ်၏။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်သည်ကို သိကြ၏။
ကျွန်ုပ်တို့သည် အချင်းချင်းချစ်သောကြောင့် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းသည်ကို ကျွန်ုပ်တို့သိကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌ပင် ရှိနေသေး၏။
“ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည်” ဟူသည့် ပညတ်တော်ကို ကိုယ်တော်သည် ကျွန်ုပ်တို့အား ပေးတော်မူ၏။