ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
၁ ယော 5:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သားတော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏သားတော်နှင့် တပေါင်းတစည်းတည်းမဖြစ်သောသူသည် အသက်ကို မရ။ Common Language Bible သားတော်ကိုရရှိသူသည်ထိုအသက်ကို ရ၏။ ဘုရားသခင်၏သားတော်ကိုမရ ရှိသူမူကားထိုအသက်ကိုမရ။ Garrad Bible သား တော် ကို ရ ရှိ သူ သည် ထို အ သက် ကို ရ ရှိ၏။ ဘု ရား သ ခင် သား တော် ကို မ ရ မ ရှိ သူ မူ ကား ထို အ သက် ကို မ ရ မ ရှိ ချေ။ Judson Bible သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။ မြန်မာ့စံမီသမ္မာကျမ်း သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ။ |
ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ကျွန်ုပ်တို့၏ မူလခံယူချက်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်ကြ၏။
ခရစ်တော်၏ သွန်သင်ချက်အတိုင်း မရပ်တည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းမဟုတ်ပေ။ သွန်သင်ချက်အတိုင်း ရပ်တည်သောသူသည် ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးနှင့် တပေါင်းတစည်းတည်းဖြစ်၏။