ယေရှုက သူတို့အား “သင်တို့သည် မျက်မမြင်ဖြစ်ပါက အပြစ်မရှိ။ သို့သော် သင်တို့က ‘ငါတို့သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့တွင် အပြစ်ရှိနေသေးသည်” ဟု မိန့်တော်မူ၏။
၁ ယော 2:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ငါသည် အလင်းထဲတွင် ရှိသည်” ဟု ဆိုလျက်နှင့် မိမိညီအစ်ကိုမောင်နှမကို မုန်းတီးသောသူသည် အမှောင်ထဲတွင် ရှိနေသေး၏။ Common Language Bible အလင်းတွင်ကျင်လည်ပါသည်ဟုဆိုလျက် မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည် ယခု တိုင်အောင်အမှောင်တွင်ကျင်လည်နေသေးသူ ဖြစ်၏။- Garrad Bible အ လင်း ၌ ရှိ သည် ဟု ဆို လျက် ညီ အစ် ကို ချင်း မုန်း သူ သည် ယ ခု တိုင် အောင် မှောင် မိုက်၌ ရှိ နေ ၏။ Judson Bible မိမိညီအစ်ကိုကို မုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ဟု ဆိုသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် အလင်း၌ရှိ၏ဟုဆိုလျက် မိမိညီအစ်ကိုကိုမုန်းသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ရှိသေး၏။ |
ယေရှုက သူတို့အား “သင်တို့သည် မျက်မမြင်ဖြစ်ပါက အပြစ်မရှိ။ သို့သော် သင်တို့က ‘ငါတို့သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့တွင် အပြစ်ရှိနေသေးသည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် ထိုအရည်အချင်းများမရှိသောသူသည် အဝေးမှုန်၍ မျက်စိမမြင်ဘဲ ယခင်က ကျူးလွန်ခဲ့သောအပြစ်များအတွက် စင်ကြယ်စေခြင်းခံရသည်ကိုပင် မေ့လျော့နေ၏။
ထို့ကြောင့် “ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့သည်” ဟု ဆိုသော်လည်း အမှောင်ထဲတွင် ကျင်လည်နေဆဲဖြစ်လျှင် သမ္မာတရားကို မကျင့်ဘဲ လိမ်လည်သူများဖြစ်၏။
သို့သော် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် အမှောင်ထဲတွင် ရှိ၍ အမှောင်ထဲတွင် ကျင်လည်၏။ အမှောင်ထုသည် ထိုသူအား ကွယ်စေသောကြောင့် သူသည် မည်သည့်နေရာသို့ သွားနေသည်ကိုပင် မသိ။
“ဘုရားသခင်ကို ငါသိ၏” ဟု ဆိုသော်လည်း ဘုရားသခင်၏ ပညတ်တော်တို့ကို မလိုက်နာသောသူသည် လိမ်လည်သောသူဖြစ်၏။ ထိုသူ၌ သမ္မာတရားမရှိ။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြား၍ သိနိုင်ကြ၏။ ဖြောင့်မတ်စွာ မပြုမူသောသူ၊ မိမိညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်။
တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကို ချစ်သည်” ဟု ဆိုသော်လည်း မိမိညီအစ်ကိုမောင်နှမကို မုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိဖြင့် မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို ချစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်၏။