Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယော 2:9 - Common Language Bible

9 အ​လင်း​တွင်​ကျင်​လည်​ပါ​သည်​ဟု​ဆို​လျက် မိ​မိ​၏​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု တိုင်​အောင်​အ​မှောင်​တွင်​ကျင်​လည်​နေ​သေး​သူ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ လင်း ၌ ရှိ သည် ဟု ဆို လျက် ညီ အစ် ကို ချင်း မုန်း သူ သည် ယ ခု တိုင် အောင် မှောင် မိုက်၌ ရှိ နေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သည် အလင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​သည် ယခု​တိုင်အောင် မှောင်မိုက်​၌​ရှိ​သေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 “ငါ​သည် အလင်း​ထဲတွင် ရှိသည်” ဟု ဆို​လျက်နှင့် မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းတီးသောသူ​သည် အမှောင်​ထဲတွင် ရှိနေ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:9
14 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။-


သို့​ရာ​တွင်​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ကား​အ​မှောင်​တွင်​ကျင်​လည်​သူ​ဖြစ်​၏။ အ​မှောင် တွင်​ကျင်​လည်​၍​မျက်​စိ​မ​မြင်​နိုင်​သ​ဖြင့်​သူ သည်​မိ​မိ​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။


``သင်​တို့​သည်​အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​လွန်​စွာ​ပင် မိုက်​မဲ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​လုံး​ဝ​အ​ကျင့်​ပျက်​ကြ​ပြီ။ တ​ရား​မျှ​တ​မှု​သည်​ကမ္ဘာ​လော​က​မှ ကွယ်​ပျောက်​သွား​လေ​ပြီ။


ဤ​အ​ရည်​အ​ချင်း​များ​နှင့်​ကင်း​သူ​သည် အ​မြင်​တို​၍​မျက်​စိ​ကန်း​သူ​ဖြစ်​၏။ သူ​သည် ယ​ခင်​က​မိ​မိ​၏​အ​ပြစ်​များ​မှ​ပြေ​လွတ်​ခွင့် ရ​ရှိ​သည်​ကို​မေ့​လျော့​လေ​ပြီ။


ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။-


သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​နှင့်​မိတ်​သ​ဟာ ယ​ဖွဲ့​ရ​ကြ​လေ​ပြီ​ဟု​ဆို​လျက် အ​မှောင်​တွင် ကျင်​လည်​နေ​ကြ​ပါ​မူ​နှုတ်​အား​ဖြင့်​လည်း ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း​လိမ်​လည် သူ​များ​ဖြစ်​ကြ​၏။-


သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မျက်​မ​မြင်​များ ဖြစ်​ပါ​မူ​အ​ပြစ်​ရှိ​ကြ​မည်​မ​ဟုတ်။ ယ​ခု​မူ ကား​သင်​တို့​က `ငါ​တို့​သည်​မျက်​စိ​မြင်​ပါ​သည်' ဟု​ဆို​ကြ​သ​ဖြင့် သင်​တို့​တွင်​အ​ပြစ်​ရှိ​လျက် နေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။


``သူ​တစ်​ပါး​အား​ရန်​ငြိုး​မ​ထား​နှင့်။ သူ့ ကြောင့်​သင်​သည်​အ​ပြစ်​မ​ကူး​လွန်​မိ​စေ ရန် သူ​နှင့်​သ​ဘော​ကွဲ​လွဲ​ချက်​များ​ကို​တွေ့ ဆုံ​ဖြေ​ရှင်း​လော့။-


အ​ဗ​ရှ​လုံ​မူ​ကား​မိ​မိ​၏​နှ​မ​တာ​မာ​ကို​မ တော်​မ​တ​ရား​ပြု​ကျင့်​သည့်​အ​တွက် အာ​မ​နုန် အား​လွန်​စွာ​မုန်း​သ​ဖြင့်​စ​ကား​မ​ပြော​ဘဲ နေ​၏။


ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​တစ်​ရာ့​နှစ်​ဆယ် ခန့်​သော​တ​ပည့်​တော်​ညီ​အစ်​ကို​တို့​သည်​စု​ဝေး လျက်​ရှိ​ကြ​၏။ ထို​အ​ချိန်​၌​ပေ​တ​ရု​သည်​ထ​၍၊-


ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား​သ​မီး များ​နှင့်​မာရ်​နတ်​၏​သား​သ​မီး​ကွာ​ခြား​ပုံ​ကို သိ​ရ​၏။ အ​မှန်​တ​ရား​ကို​မ​ကျင့်​သုံး​သူ၊ ညီ အစ်​ကို​ကို​မ​ချစ်​သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ