ငါ၏ဝမ်းမြောက်ခြင်းကို သင်တို့ခံစားရ၍ အပြည့်အဝဝမ်းမြောက်နိုင်စေရန် ဤစကားကို ငါပြော၏။
၁ ယော 1:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းကို သင်တို့နှင့်အတူ အပြည့်အဝခံစားနိုင်ရန် ဤအရာများကို ရေးလိုက်ကြ၏။ Common Language Bible ငါတို့သည်ရွှင်လန်းဝမ်းမြောက်မှုကိုအပြည့် အဝခံစားနိုင်ကြစေရန် ဤအကြောင်း အရာများကိုစာရေးလိုက်သည်။ Garrad Bible အ ပြည့် အ စုံ ဝမ်း မြောက် ရ အံ့ သော ငှါ ဤ အ ကြောင်း အ ရာ များ ကို ငါ တို့ ရေး လိုက် ၏။ Judson Bible သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ဤအရာများကို ငါတို့ရေးလိုက်၏။ |
ငါ၏ဝမ်းမြောက်ခြင်းကို သင်တို့ခံစားရ၍ အပြည့်အဝဝမ်းမြောက်နိုင်စေရန် ဤစကားကို ငါပြော၏။
ယခုအချိန်ထိ သင်တို့သည် ငါ့နာမကို အမှီပြု၍ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့ အပြည့်အဝဝမ်းမြောက်နိုင်ရန် တောင်းကြလော့။ တောင်းလျှင် တောင်းသည့်အတိုင်း ရကြလိမ့်မည်။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
သို့သော် ကျွန်ုပ်တို့သည် သင်တို့၏ ယုံကြည်ခြင်းကို ချုပ်ကိုင်ထားသည်ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့သည် သင်တို့ ဝမ်းမြောက်နိုင်ရန် သင်တို့နှင့်အတူ လက်တွဲလုပ်ဆောင်နေခြင်းသာ ဖြစ်၏။ သင်တို့သည်လည်း ယုံကြည်ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်နေပြီဖြစ်၏။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။
ကျွန်ုပ်သည် သင်တို့ထံ ရေးစရာများစွာ ရှိသော်လည်း စက္ကူပေါ်၌ မင်နှင့် မရေးလို။ ထိုအစား ကျွန်ုပ်တို့အပြည့်အဝဝမ်းမြောက်နိုင်ရန် သင်တို့ထံသို့ လာ၍ မျက်နှာချင်းဆိုင် စကားပြောရန် ကျွန်ုပ်မျှော်လင့်ထား၏။