၁ ယော 1:4 - မြန်မာ့စံမီသမ္မာကျမ်း4 ငါတို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ဤအရာများကို ငါတို့ရေးလိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ငါတို့သည်ရွှင်လန်းဝမ်းမြောက်မှုကိုအပြည့် အဝခံစားနိုင်ကြစေရန် ဤအကြောင်း အရာများကိုစာရေးလိုက်သည်။ အခန်းကိုကြည့်ပါ။Garrad Bible4 အ ပြည့် အ စုံ ဝမ်း မြောက် ရ အံ့ သော ငှါ ဤ အ ကြောင်း အ ရာ များ ကို ငါ တို့ ရေး လိုက် ၏။ အခန်းကိုကြည့်ပါ။Judson Bible4 သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းကို သင်တို့နှင့်အတူ အပြည့်အဝခံစားနိုင်ရန် ဤအရာများကို ရေးလိုက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။