ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “အို အဖ… အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အဖ၏လက်တော်သို့ အပ်ပါ၏” ဟု ဆိုလျက် အသက်ချုပ်တော်မူ၏။
၁ ပေ 4:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်၏ အလိုတော်အရ ဆင်းရဲဒုက္ခခံရသောသူတို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို သစ္စာရှိသောဖန်ဆင်းရှင်ထံ အပ်နှံပြီး ကောင်းမှုကို ဆက်၍ပြုသင့်၏။ Common Language Bible သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့် အညီဆင်းရဲခံရကြသူတို့သည်အကျင့် ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော် မူ၍သစ္စာတည်တော်မူသောအရှင်၏လက် တော်သို့မိမိတို့ကိုယ်ကိုအပ်နှံကြစေ။ Garrad Bible သို့ ဖြစ်၍ ဘု ရား သ ခင့် အ လို တော် အ တိုင်း ဒု က္ခ ခံ ရ သူ တို့ သည် သ စ္စာ တည် တော် မူ သော ဖန် ဆင်း ရှင့် ထံ ကိုယ့် နာမ် သက် ကို အ ကောင်း ပြု လျက် အပ် နှင်း ကြ စေ။ Judson Bible ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကို အပ်နှံကြစေ။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်၏အလိုတော်အရ ဒုက္ခဝေဒနာခံစားရသောသူတို့သည် ကောင်းသောအမှုကိုပြုရာ၌ မိမိတို့၏စိတ်ဝိညာဉ်ကို သစ္စာနှင့်ပြည့်စုံသောဖန်ဆင်းရှင်ထံသို့ အပ်နှံထားကြစေ။ |
ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “အို အဖ… အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အဖ၏လက်တော်သို့ အပ်ပါ၏” ဟု ဆိုလျက် အသက်ချုပ်တော်မူ၏။
ထိုသူတို့သည် ကျောက်ခဲဖြင့် ပေါက်နေကြစဉ် သတေဖန်က “သခင်ယေရှု… အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ” ဟု ဆုတောင်းလေ၏။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ကောင်းမှုပြုခြင်းဖြင့် မိုက်မဲသောသူတို့၏ အသိဉာဏ်မဲ့သောစကားကို တိတ်ဆိတ်စေရန် ဘုရားသခင်အလိုရှိတော်မူသောကြောင့်ဖြစ်၏။
ကောင်းမှုပြုခြင်းအတွက် ဆင်းရဲဒုက္ခခံစားရခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်ပါက ၎င်းသည် မကောင်းမှုပြု၍ ဆင်းရဲဒုက္ခခံစားရခြင်းထက် ပို၍ကောင်း၏။
ထိုဝိညာဉ်များမှာ နောဧသည် သင်္ဘောဆောက်စဉ် ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသော်လည်း နောင်တမရသည့် မယုံကြည်သောသူများဖြစ်ကြ၏။ ထိုအချိန်တွင် သင်္ဘောထဲမှ အနည်းငယ်ဖြစ်သော လူရှစ်ဦးသာ ရေလွှမ်းမိုးခြင်းမှ ကယ်တင်ခံခဲ့ကြ၏။