ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
၁ ပေ 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်စွာ ပြုမူခြင်းအတွက် ဆင်းရဲဒုက္ခခံစားရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ လူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ Common Language Bible သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော်မင်္ဂ လာရှိကြ၏။ မည်သူအားမျှမကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။- Garrad Bible အ ကယ်၍ ဖြောင့် မတ် ခြင်း အ တွက် ဒု က္ခ ခံ ရ လျှင် မင်္ဂ လာ ရှိ၏။ ချင်း တို့ ကြောက် ရွံ့ ရာ ကို ကြောက် ရွံ့ ထိတ် လန့် ခြင်း မ ရှိ ဘဲ Judson Bible ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖြောင့်မတ်ခြင်းကြောင့် ဒုက္ခဝေဒနာခံစားခဲ့ရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ |
ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
မိမိအသက်ကို ဖက်တွယ်သောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့ကြောင့် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် ငါ့အတွက်သော်လည်းကောင်း၊ သတင်းကောင်းအတွက်သော်လည်းကောင်း မိမိအိမ်၊ မြေ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင် သားသမီးများကို စွန့်လွှတ်လျှင်
မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် သတင်းကောင်းအတွက်ကြောင့် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
ယေရှုက “သင်တို့စိတ်မပူပန်ကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
သူသည် ငါ့အမည်နာမကြောင့် မည်မျှဒုက္ခခံရမည်ကို ငါကိုယ်တိုင် သူ့အားပြမည်” ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
အဆုံးတိုင်အောင် စိတ်ရှည်သည်းခံသောသူတို့သည် မင်္ဂလာရှိသည်ဟု ကျွန်ုပ်တို့ယူဆ၏။ ယောဘ၏စိတ်ရှည်သည်းခံမှုအကြောင်းကို သင်တို့အားလုံး ကြားကြပြီ။ ထာဝရဘုရားသည် သနားကြင်နာခြင်းနှင့် ကရုဏာအပြည့်ရှိသောကြောင့် အဆုံးတွင် ယောဘကို မည်သို့ကြည့်ရှုသည်ကိုလည်း သင်တို့သိကြပြီ။
ဥပမာဆိုသော် စာရာသည် အာဗြဟံကို သခင်ဟု ခေါ်လျက် နာခံခဲ့၏။ သင်တို့သည် မည်သည့်အရာကိုမျှ မကြောက်ရွံ့ဘဲ ကောင်းမှုကို ပြုလျှင် စာရာ၏သမီးများဖြစ်ကြ၏။