Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သင်တို့​သည် ကောင်းမှု​ပြု​ရန် စိတ်အားထက်သန်​လျှင် မည်သူ​သည် သင်တို့​ကို ထိခိုက်နစ်နာစေ​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ဖြစ်​၍​သု​စ​ရိုက်​တ​ရား​ကို​သင်​တို့​ခုံ​မင် စွဲ​လမ်း​ကြ​ပါ​မူ​အ​ဘယ်​သူ​သည်​သင်​တို့​အား ဘေး​သင့်​စေ​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သင် တို့ သည် ကောင်း ရာ ကို စိတ် အား ကြီး လျှင် မည် သူ အ န္တ ရာယ် ပြု အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​တို့​သည် ကောင်း​သော​တ​ရား​ကို ကျင့်​သော​သူ​ဖြစ်​လျှင်၊ အ​ဘယ်​သူ​ညှဉ်း​ဆဲ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင်​တို့​သည် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​လျှင် မည်သူ​သည် သင်​တို့​ကို အန္တရာယ်​ပြု​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:13
13 ပူးပေါင်းရင်းမြစ်များ  

ကောင်းသော​အကျင့်​ကို ကျင့်သောသူများ​အတွက် အစိုးရမင်းများ​သည် ကြောက်စရာ​မဟုတ်။ ဆိုးသော​အကျင့်​ကို ကျင့်သောသူများ​အတွက်​သာ ကြောက်စရာ​ဖြစ်၏။ အစိုးရမင်း​ကို မကြောက်ဘဲ နေလို​လျှင် ကောင်းသော​အကျင့်​ကို ကျင့်လော့။ သို့ပြုလျှင် သူ​သည် သင့်​ကို ချီးမွမ်း​လိမ့်မည်။


ဘုရားသခင်​ကို ချစ်​၍ အကြံအစည်တော်​နှင့်အညီ ရွေးကောက်ခြင်း​ခံရသော​သူတို့ တွေ့ကြုံ​ခံစားရသော အမှုခပ်သိမ်းတို့​မှ ကောင်းကျိုး​ထွက်ပေါ်​စေရန် ဘုရားသခင်​သည် သူတို့​နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။


သင်တို့​သည် ဘုရားသခင်​ချစ်တော်မူသော​သားသမီးများ ဖြစ်ကြသည့်​အလျောက် ဘုရားသခင်​ကို အတုယူကြလော့။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ချစ်ခင်ရသောသူ… မကောင်းမှု​ကို အတု​မယူဘဲ ကောင်းမှု​ကိုသာ အတုယူလော့။ ကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​၏​သားသမီး ဖြစ်၏။ မကောင်းမှု​ကို ပြုသောသူ​သည် ဘုရားသခင်​ကို မမြင်ဖူး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ