၁ ပေ 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်သင်တို့သည်သေခြင်း တရားနှင့်ကင်းသောနိစ္စထာဝရအရှင်၏ သားသမီးများဖြစ်ကြပြီးအသက်ရှင်၍ ထာဝစဉ်တည်သောနှုတ်ကပတ်တော်အား ဖြင့်တစ်ဖန်မွေးဖွားလာသူများဖြစ်ကြပြီ။ Judson Bible မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။ |
ထိုသူတို့သည် လူ့သဘာဝအရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ လူ့အလိုဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်က မွေးဖွားစေတော်မူသောသူများဖြစ်ကြ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် အရာအားလုံးကို ဖန်ဆင်းတော်မူ၏။ ထိုသို့ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
ဘုန်းကြီး၍ ထာဝရအသက်ရှင်သော ဘုရားသခင်ကို ကိုးကွယ်ရမည့်အစား သေမျိုးဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါများ၏ ပုံတူရုပ်တုများကို ထုလုပ်ကိုးကွယ်လာကြ၏။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထိရောက်ကာ သန်လျက်တကာတို့ထက် ထက်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ထိုးဖောက်ကာ ပိုင်းခြားနိုင်ပြီး လူတို့၏ စိတ်အတွင်းမှ တွေးတောကြံစည်မှုတို့ကို သိမြင်နိုင်၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အစဉ်အမြဲတည်၏” ဟု ဆိုထား၏။ ဤနှုတ်ကပတ်တော်မှာ သင်တို့အားဟောပြောသော သတင်းကောင်းဖြစ်၏။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်ကို ဆက်၍ကျူးလွန်နေသူမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မျိုးစေ့သည် ထိုသူ၌ တည်နေသောကြောင့်ဖြစ်၏။ ဘုရားသခင်ထံမှ ဖြစ်ပွားသောကြောင့် သူသည် အပြစ်ကို ဆက်၍မကျူးလွန်နိုင်။
ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ဘုရားသခင်ထံမှ ဖြစ်ပွားလာသောအရှင်သည် ထိုသူကို စောင့်ရှောက်တော်မူသဖြင့် မာရ်နတ်သည် သူ့ကို မထိခိုက်နိုင်။