သင်တို့သည် တစ်စုံတစ်ဦးအား နာခံရန် မိမိကိုယ်မိမိ ဆက်သလျှင် ထိုသူ၏ ကျွန်ဖြစ်လာသည်ကို မသိသလော။ သို့ဖြစ်၍ သင်တို့သည် သင်တို့ကို သေစေမည့်အပြစ်တရား၏ကျွန်လည်း ဖြစ်နိုင်သကဲ့သို့ ဖြောင့်မတ်စွာ နေထိုင်စေမည့်နာခံခြင်း၏ကျွန်လည်း ဖြစ်နိုင်၏။
၁ ကော 9:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဗိမာန်တော်၌ အမှုထမ်းသောသူတို့သည် ဗိမာန်တော်မှ အစားအစာများကို စားသောက်ရပြီး ယဇ်ပလ္လင်၌ အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်မှ ရရှိသော ပူဇော်စရာများကို မျှဝေခံစားခွင့်ရှိကြောင်းကို သင်တို့မသိကြသလော။ Common Language Bible ဗိမာန်တော်တွင်အမှုထမ်းဆောင်သူများသည် ဗိမာန်တော်မှအစားအစာကိုရကြသည် ကိုလည်းကောင်း၊ ယဇ်ပူဇော်သူများသည်လည်း ယဇ်ကောင်မှဝေစုကိုရကြသည်ကိုလည်း ကောင်းသင်တို့မသိကြပါသလော။- Garrad Bible အ မှု တော် ကို ဆောင် ရွက် သူ တို့ သည် ဗိ မာန် တော့် ဆိုင် ရာ များ ကို သုံး ဆောင် ခွင့် ရ ကြ ကြောင်း၊ ပူ ဇော် ရာ ပလ္လင် တော့် ဝတ် ကို ပြု သူ တို့ လည်း ပ လ္လင် တော် နှင့် ဖက် စပ် သုံး ဆောင် ခွင့် ရ ကြ ကြောင်း သင် တို့ မ သိ ကြ လော။ Judson Bible ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကိုလည်းကောင်း၊ သင်တို့ မသိကြသလော။- မြန်မာ့စံမီသမ္မာကျမ်း ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။ |
သင်တို့သည် တစ်စုံတစ်ဦးအား နာခံရန် မိမိကိုယ်မိမိ ဆက်သလျှင် ထိုသူ၏ ကျွန်ဖြစ်လာသည်ကို မသိသလော။ သို့ဖြစ်၍ သင်တို့သည် သင်တို့ကို သေစေမည့်အပြစ်တရား၏ကျွန်လည်း ဖြစ်နိုင်သကဲ့သို့ ဖြောင့်မတ်စွာ နေထိုင်စေမည့်နာခံခြင်း၏ကျွန်လည်း ဖြစ်နိုင်၏။
အစ္စရေးလူမျိုးတို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ယဇ်ပလ္လင်တွင် ပူဇော်ထားသော ယဇ်ကောင်ကို စားသောသူတို့သည် ယဇ်ပလ္လင်တွင် ပူဇော်ခြင်း၌ ပါဝင်ပတ်သက်ကြသည်မဟုတ်လော။
အပြေးပြိုင်ပွဲတွင် ပြေးသောသူအားလုံး ယှဉ်ပြိုင်ကြသော်လည်း တစ်ဦးတည်းသာ ဆုရသည်ကို သင်တို့သိကြသည်မဟုတ်လော။ သို့ဖြစ်၍ ဆုကို ဆွတ်ခူးရရှိနိုင်ရန်အတွက် ပြေးကြလော့။