အပြင်ပန်းလက္ခဏာကို ကြည့်၍ မစီရင်ကြနှင့်။ တရားမျှတစွာ စီရင်ကြလော့” ဟု မိန့်တော်မူ၏။
၁ ကော 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၊ သို့မဟုတ် အခြားသူတို့၏ စစ်ဆေးခြင်းကို ခံရသော်လည်း ကျွန်ုပ်မမှုပေ။ အမှန်တွင်မူ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ်ပင် မစစ်ဆေးပေ။ Common Language Bible ငါ့အားသင်တို့အားဖြင့်ဖြစ်စေ၊ လူ့စံနှုန်းအား ဖြင့်ဖြစ်စေအစစ်ခံရလျှင်ငါသည်အမှု မထား။ ငါသည်မိမိကိုယ်ကိုပင်လျှင်မစစ် ကြောမစီရင်ပြီ။- Garrad Bible ငါ ကား သင် တို့ ရှေ့ အ ခြား သူ တို့ ရှေ့ အ စစ် ခံ ရ လျှင် အ ရေး မ ယူ သည့် ပြင် ကိုယ်၌ အ ပြစ် ရှာ၍ မ တွေ့ သည် နှင့် ကင်း ရှင်း ရာ မ ရောက် သော ကြောင့် ကိုယ် ကို စစ် ဆေး ခြင်း မ ပြု ရာ။ စစ် ဆေး သူ ကား အ ရှင် ဘု ရား ပေ တည်း။ Judson Bible သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ထံ၌ဖြစ်စေ၊ လူတို့၏ခုံရုံး၌ဖြစ်စေ စစ်ဆေးစီရင်ခြင်းကိုခံရသော်လည်း ငါ့အတွက် သေးငယ်သောအမှုသာဖြစ်၏။ ငါသည် မိမိကိုယ်ကိုလည်း စစ်ဆေးစီရင်ခြင်းမပြု။ |
အပြင်ပန်းလက္ခဏာကို ကြည့်၍ မစီရင်ကြနှင့်။ တရားမျှတစွာ စီရင်ကြလော့” ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်ကို ရရှိထားသောသူသည် အရာအားလုံးကို ပိုင်းခြားသိမြင်နိုင်၏။ သို့သော် ထိုသူကို မည်သူမျှ ပိုင်းခြား၍ မသိမြင်နိုင်ပေ။
ထိုသူအသီးသီးတို့၏ လုပ်ဆောင်မှုသည် ပေါ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာနေ့၌ ထိုသူတို့၏ လုပ်ဆောင်မှုကို မီးသည် ဖော်ပြမည်ဖြစ်သောကြောင့်ပင်။ ထိုမီးသည် လူအသီးသီးတို့၏ လုပ်ဆောင်မှုအရည်အသွေးရှိမရှိကို စစ်ဆေးလိမ့်မည်။
ကျွန်ုပ်သည် ကိုယ့်လိပ်ပြာကိုယ် လုံ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်၌ အပြစ်မရှိဟု မဆိုလို။ ကျွန်ုပ်ကို စစ်ဆေးစီရင်တော်မူသောအရှင်မှာ သခင်ဘုရားပင် ဖြစ်တော်မူ၏။