Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 4:3 - Common Language Bible

3 ငါ့​အား​သင်​တို့​အား​ဖြင့်​ဖြစ်​စေ၊ လူ့​စံ​နှုန်း​အား ဖြင့်​ဖြစ်​စေ​အ​စစ်​ခံ​ရ​လျှင်​ငါ​သည်​အ​မှု မ​ထား။ ငါ​သည်​မိ​မိ​ကိုယ်​ကို​ပင်​လျှင်​မ​စစ် ကြော​မ​စီ​ရင်​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 ငါ ကား သင် တို့ ရှေ့ အ ခြား သူ တို့ ရှေ့ အ စစ် ခံ ရ လျှင် အ ရေး မ ယူ သည့် ပြင် ကိုယ်၌ အ ပြစ် ရှာ၍ မ တွေ့ သည် နှင့် ကင်း ရှင်း ရာ မ ရောက် သော ကြောင့် ကိုယ် ကို စစ် ဆေး ခြင်း မ ပြု ရာ။ စစ် ဆေး သူ ကား အ ရှင် ဘု ရား ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သင်​တို့​မှ​စ၍ အ​ခြား​သော​လူ​များ​တို့​သည် ငါ့​ကို သ​စ္စာ​မ​ရှိ​ဟု စီ​ရင်​သော်​လည်း၊ ငါ​သည်​အ​မှု​မ​ထား။ ငါ့​ကိုယ်​ကို ငါ​မ​စီ​ရင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​သည် သင်​တို့​ထံ၌​ဖြစ်စေ၊ လူ​တို့​၏​ခုံရုံး​၌​ဖြစ်စေ စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ငါ့​အတွက် သေးငယ်​သော​အမှု​သာ​ဖြစ်​၏။ ငါ​သည် မိမိကိုယ်ကို​လည်း စစ်ဆေး​စီရင်​ခြင်း​မ​ပြု။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သင်တို့၊ သို့မဟုတ် အခြား​သူတို့​၏ စစ်ဆေးခြင်း​ကို ခံရ​သော်လည်း ကျွန်ုပ်​မမှုပေ။ အမှန်​တွင်​မူ ကျွန်ုပ်​သည် ကိုယ့်ကိုယ်ကိုယ်​ပင် မစစ်ဆေးပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 4:3
6 ပူးပေါင်းရင်းမြစ်များ  

အ​ပြင်​အ​ပ​လက္ခ​ဏာ​ကို​ထောက်​၍​မ​စီ​ရင် မ​ဆုံး​ဖြတ်​ကြ​နှင့်။ အ​မှန်​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​သည်​အ​ရာ ခပ်​သိမ်း​၏​တန်​ဖိုး​ကို​အ​ကဲ​ဖြတ်​နိုင်​၏။ သို့ ရာ​တွင်​ထို​သူ့​အား​မည်​သူ​မျှ​အ​ကဲ​ဖြတ် ၍​မရ။-


ထို​သူ​တစ်​ယောက်​စီ​၏​တည်​ဆောက်​မှု​အ​ရည် အ​သွေး​သည် ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​သိ​သာ​ထင်​ရှား​လိမ့်​မည်။ ထို​နေ့​၌​မီး​လျှံ သည်​လူ​တိုင်း​၏​အ​လုပ်​ကို​ထင်​ပေါ်​စေ​လိမ့်​မည်။ ထို​မီး​သည်​လူ​အ​သီး​သီး​တို့​၏​အ​လုပ် အ​ရည်​အ​သွေး​ကို​စစ်​ဆေး​ပေး​လိမ့်​မည်။-


ယင်း​သို့​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​တွင်​ရှိ​ရ မည့်​အ​ရည်​အ​ချင်း​တစ်​ခု​ကား မိ​မိ​သ​ခင် ၏​ပေါ်​တွင်​သစ္စာ​စောင့်​ရန်​ပင်​ဖြစ်​ပေ​သည်။-


ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ကြည်​လင်​လျက်​ရှိ​၏။ ယင်း သို့​ဆို​သော်​ငါ​၌​အြုပစ်​မ​ရှိ​ဟု​မ​ဆို​လို။ ငါ့​ကို စစ်​ကြော​စီ​ရင်​သူ​ကား​သခင်​ဘု​ရား​ပေ​တည်း။-


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ