သို့မှသာ ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်အတိုင်း သင်တို့ထံ ဝမ်းမြောက်စွာ ရောက်ရှိ၍ ကျွန်ုပ်တို့အချင်းချင်း အားပေးနိုင်မည် ဖြစ်၏။
၁ ကော 16:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ကျွန်ုပ်၏ စိတ်နှင့် သင်တို့၏ စိတ်ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။ Common Language Bible သူတို့သည်သင်တို့၏စိတ်ကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်ကိုလည်းရွှင်လန်းစေ၏။ ထိုသို့သောသူ တို့သည်အသိအမှတ်ပြုခြင်းကိုခံထိုက်ကြ၏။ Judson Bible အကြောင်းမူကား၊ သင်တို့သည် ပြုစု၍ မပြည့်စုံသမျှကို သူတို့သည် ထပ်၍ပြည့်စုံစေသဖြင့်၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။ |
သို့မှသာ ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်အတိုင်း သင်တို့ထံ ဝမ်းမြောက်စွာ ရောက်ရှိ၍ ကျွန်ုပ်တို့အချင်းချင်း အားပေးနိုင်မည် ဖြစ်၏။
ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့အားရကြ၏။ ကျွန်ုပ်တို့ရရှိသော ခွန်အားအပြင် တိတုသည် သင်တို့အားဖြင့် ဝမ်းမြောက်ရသည်ဖြစ်၍ သူ၏ စိတ်နှလုံးရွှင်လန်းခြင်းကြောင့် ကျွန်ုပ်တို့သည် ပို၍ ဝမ်းမြောက်ကြ၏။
ကျွန်ုပ်တို့၏ အခြေအနေကို သင်တို့ သိစေ၍ သူသည် သင်တို့ကို စိတ်ခွန်အားပေးရန် သူ့ကို သင်တို့ထံ ကျွန်ုပ် စေလွှတ်လိုက်ပါ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ တိုက်တွန်းလို၏။ သင်တို့အထဲတွင် အမှုတော်ကို ကြိုးစားဆောင်ရွက်၍ ဝိညာဉ်ရေးရာ၌ ဦးဆောင်ပြီး သင်တို့ကို သတိပေးဆုံးမသွန်သင်နေသောသူများကို ရိုသေလေးစားကြလော့။
ထို့ကြောင့် ကျွန်ုပ်၏ညီ… သခင်ဘုရားကို ထောက်၍ ကျွန်ုပ်ကို ကျေးဇူးပြုလော့။ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတစ်ဦး အနေဖြင့် ကျွန်ုပ်ကို စိတ်သက်သာစေလော့။
ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။
ကျွန်ုပ်၏သားသမီးများ သမ္မာတရား၌ ကျင်လည်နေကြောင်း ကြားသိ၍ ဝမ်းမြောက်ရခြင်းထက် သာ၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်၌မရှိပေ။