Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 သို့မှသာ ကျွန်ုပ်​သည် ဘုရားသခင်​၏ အလိုတော်​အတိုင်း သင်တို့​ထံ ဝမ်းမြောက်​စွာ ရောက်ရှိ​၍ ကျွန်ုပ်တို့​အချင်းချင်း အားပေးနိုင်မည် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​ငါ သည်​ဝမ်း​မြောက်​စွာ​သင်​တို့​ထံ​သို့​လာ​၍ သင်​တို့ နှင့်​အ​တူ​ပျော်​ရွှင်​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ပါ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ငြိမ်​သက်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ တည်​နေ​တော်​မူ​ပါ​စေ​သော။ အာ​မင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဘုရားသခင်​၏​အလို​တော်​အားဖြင့် ဝမ်းမြောက်​သော​စိတ်​နှင့် သင်​တို့​ထံသို့​ငါ​လာ​၍ သင်​တို့​နှင့်အတူ နှစ်သိမ့်​သက်သာ​ခြင်း​ကို​ခံစား​နိုင်​မည့်​အကြောင်း ငါ​နှင့်အတူ​ကြိုးစား​အားထုတ်​၍ ငါ့​အတွက် ဘုရားသခင်​ထံ​ဆုတောင်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:32
18 ပူးပေါင်းရင်းမြစ်များ  

“ဘုရားသခင်​၏​အလိုတော်​ရှိ​လျှင် သင်တို့​ဆီသို့ ပြန်လာမည်” ဟု ဆို၏။ ထို့နောက် သူတို့​အား နှုတ်ဆက်​ပြီးလျှင် ပြစ်ကိလ​နှင့် အာကုလ​တို့​ကို ဧဖက်မြို့​၌ ထားခဲ့​၍ ရွက်လွှင့်လေ၏။


ဖေတ္တုမင်း​သည် ကျွန်ုပ်တို့​ကို အီတလီ​သို့ သင်္ဘော​ဖြင့် ပို့​ရန် ဆုံးဖြတ်​ပြီးနောက် ထို​သူတို့​က ပေါလု​နှင့် အခြား​အကျဉ်းသား​တချို့​ကို ဩဂတ်စတပ်​နှင့်​ဆိုင်သော​တပ်​၏​တပ်မှူး၊ ယုလိ​အမည်​ရှိသော​သူ​ထံသို့ လွှဲပြောင်းကြ၏။


ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​သောအခါ ခရစ်တော်​၏ ကောင်းချီး​မင်္ဂလာ အပြည့်​နှင့် ရောက်လာမည်​ကို ကျွန်ုပ်​သိ၏။


သူတို့​သည် ကျွန်ုပ်​၏ စိတ်​နှင့် သင်တို့​၏ စိတ်​ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သော​သူတို့​ကို အသိအမှတ်​ပြုကြလော့။


သို့သော် သခင်ဘုရား အလိုတော်​ရှိ​လျှင် မကြာမီ ကျွန်ုပ်​လာခဲ့ပါမည်။ ထိုအခါ ထို​မာနထောင်လွှားသော​သူတို့​၏​စကား​ထက် သူတို့​၌ ဘုရားသခင်​၏ တန်ခိုးတော်​ရှိမရှိ​ကိုသာ ကျွန်ုပ်​သိမှတ်မည်။


ဤ​အရာ​အားလုံး​ကြောင့် ကျွန်ုပ်တို့​အားရကြ၏။ ကျွန်ုပ်တို့​ရရှိသော ခွန်အား​အပြင် တိတု​သည် သင်တို့​အားဖြင့် ဝမ်းမြောက်ရသည်​ဖြစ်၍ သူ​၏ စိတ်နှလုံး​ရွှင်လန်းခြင်း​ကြောင့် ကျွန်ုပ်တို့​သည် ပို၍ ဝမ်းမြောက်ကြ၏။


ဩနေသိဖော်​၏​မိသားစု​အပေါ် သခင်ဘုရား​၏ ကရုဏာတော်​သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူ​သည် ကျွန်ုပ်​အကျဉ်းချ​ခံရသည်​ကိုပင် မရှက်မကြောက်​ဘဲ အမြဲ အားပေးနှစ်သိမ့်​သောကြောင့် ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်​၏​ညီ… သခင်ဘုရား​ကို ထောက်​၍ ကျွန်ုပ်​ကို ကျေးဇူးပြုလော့။ ခရစ်တော်​ကို ယုံကြည်သော​ညီအစ်ကို​တစ်ဦး အနေဖြင့် ကျွန်ုပ်​ကို စိတ်​သက်သာစေလော့။


ကျွန်ုပ်​၏​ညီ… သင်​သည် ယုံကြည်သူ​အပေါင်းတို့​၏ စိတ်​ကို လန်းဆန်းစေသည်​ဖြစ်​၍ သင်​၏ ချစ်ခြင်းမေတ္တာ​သည် ကျွန်ုပ်​အား အလွန်​ဝမ်းမြောက်စေ​လျက် စိတ်ခွန်အား​ဖြစ်စေ၏။


သို့ဖြစ်၍ “ထာဝရဘုရား​အလိုတော်ရှိ​လျှင် ကျွန်ုပ်တို့​သည် အသက်​ဆက်ရှင်​၍ ဤ​အမှု၊ သို့မဟုတ် ထို​အမှု​ကို ပြုပါမည်” ဟုသာ သင်တို့​ပြော​သင့်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ