သေလွန်သောသူတို့ထမြောက်ခြင်းအကြောင်းကို ကြားရသောအခါ တချို့က လှောင်ပြောင်ကဲ့ရဲ့ကြ၏။ သို့သော် တချို့မှာ “ဤအကြောင်းကို နောက်တစ်ကြိမ် ထပ်၍ ကြားနာလိုပါသည်” ဟု ပြောကြ၏။
၁ ကော 15:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီဟု ကျွန်ုပ်တို့ဟောပြောကြလျှင် သင်တို့ထဲမှ တချို့က သေလွန်သောသူတို့သည် မထမြောက်ကြပါဟု အဘယ်ကြောင့် ပြောဆိုကြသနည်း။ Common Language Bible ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်းကို ငါတို့ဟောပြောကြေညာ လျက်ရှိသည်ဖြစ်ရာ အဘယ်ကြောင့်သင်တို့ အနက်အချို့သောသူတို့က ``သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဟူသည်မရှိ'' ဟု ပြောဆိုနေကြသနည်း။- Garrad Bible ခ ရစ် တော် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီး ဖြစ် ကြောင်း ဟော ပြော သည် မှန် လျှင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ ဟု သင် တို့ အ နက် အ ချို့ တို့ အ သို့ ဆို ကြ သ နည်း။ Judson Bible ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီဟု ဟောပြောနေကြသည်မှန်လျှင် သင်တို့ထဲမှ အချို့တို့က သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိဟု အဘယ်ကြောင့်ပြောဆိုကြသနည်း။ |
သေလွန်သောသူတို့ထမြောက်ခြင်းအကြောင်းကို ကြားရသောအခါ တချို့က လှောင်ပြောင်ကဲ့ရဲ့ကြ၏။ သို့သော် တချို့မှာ “ဤအကြောင်းကို နောက်တစ်ကြိမ် ထပ်၍ ကြားနာလိုပါသည်” ဟု ပြောကြ၏။
အဘယ်ကြောင့်ဆိုသော် ဇဒ္ဒုကဲတို့က သေရာမှ ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ ဝိညာဉ်လည်းမရှိဟု ဆိုကြ၏။ ဖာရိရှဲတို့ကမူ ထိုအရာအားလုံးရှိသည်ဟု လက်ခံယုံကြည်ကြ၏။
သေလွန်သောသူတို့အား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသည်ကို ယုံဖွယ်မရှိဟု အရှင်တို့အဘယ်ကြောင့်ထင်မြင်ကြသနည်း။
ထို့ကြောင့် ကျွန်ုပ်ဟောပြောသည်ဖြစ်စေ၊ သူတို့ဟောပြောသည်ဖြစ်စေ ကျွန်ုပ်တို့ဟောပြောသောအကြောင်းအရာနှင့် သင်တို့ယုံကြည်ခဲ့ကြသော အကြောင်းအရာမှာ တစ်ခုတည်းဖြစ်၏။
သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။
သူတို့သည် သမ္မာတရားလမ်းမှ လွဲချော်၍ သေသောသူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ပြီးလေပြီဟု ပြောဆိုလျက် လူတချို့၏ ယုံကြည်ခြင်းကို နှောင့်ယှက်ဖျက်ဆီးကြ၏။