ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
၁ ကော 14:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့ရှိသမျှအား အခြားဘာသာစကားကို ပြောတတ်စေလို၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းကို ပို၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုရာတွင် အသင်းတော်အတွက် တည်ဆောက်စရာဖြစ်စေရန် အနက်ကို ပြန်နိုင်ရမည်ဖြစ်၏။ အနက်မပြန်နိုင်လျှင် အခြားဘာသာစကားကို ပြောဆိုခြင်းထက် ပရောဖက်ပြုဟောပြောခြင်းသည် ပို၍ မြတ်၏။ Common Language Bible ငါသည်သင်တို့အားလုံးကိုပင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုစေလို သော်လည်း နှုတ်ကပတ်တရားတော်ဟောပြော နိုင်သောဆုကျေးဇူးကိုပို၍ရစေလို၏။ ထူး ဆန်းသောဘာသာစကားအမျိုးမျိုးဖြင့်ပြော ဆိုသူသည် မိမိစကား၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းလင်းဖော်ပြနိုင်သူရှိမှသာလျှင် အသင်း တော်၏အကျိုးကိုပြုစု၏။ သို့မဟုတ်ပါမူ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်း ကပို၍တန်ဖိုးရှိ၏။- Garrad Bible ငါ သည် သင် တို့ ရှိ သ မျှ ကို ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ စေ လို သော် လည်း ဟော ပြော ခွင့် ကို အ ထူး သ ဖြင့် ရ စေ လို၏။ အ သင်း တော် ကို ဆောက် တည် ခြင်း ငှာ အ ဓိ ပ္ပါယ် ကို မ ဖော် ပြ နိုင် ဘဲ ဘာ သာ စ ကား ထူး ပြော ဆို သူ ထက် ဟော ပြော သူ သည် ကြီး မြတ်၏။ Judson Bible သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှာ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှာ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှာ အနက်ကို မဖော်မပြလျှင်၊ သူ့ထက် ပရောဖက်ပြုသောသူသည် သာ၍မြတ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။ |
ယုံကြည်သောသူတို့သည် နိမိတ်လက္ခဏာများကို ပြသကြလိမ့်မည်။ သူတို့သည် ငါ၏အမည်နာမကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကို ပြောကြလိမ့်မည်။
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။
မေတ္တာသည် စိတ်ရှည်တတ်၏။ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုမဖြစ်တတ်။ မကြွားဝါတတ်။ မာန်မာနမထားတတ်။
ချစ်ခြင်းမေတ္တာတရားကို ကြိုးစား၍ ကျင့်သုံးကြလော့။ ဝိညာဉ်ဆုကျေးဇူးများကိုလည်း အလွန်လိုချင်သောစိတ် ရှိကြလော့။ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို လိုချင်သောစိတ် ရှိကြလော့။
သင်သည် ဘုရားသခင်အား ကောင်းစွာ ကျေးဇူးတင်နေသော်လည်း တစ်ပါးသူအတွက် တည်ဆောက်စရာမဖြစ်ပေ။