သင်တို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ကြလော့။ မိန်းမသည် မိမိဦးခေါင်းကို မဖုံးဘဲ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် သင့်တော်သလော။
၁ ကော 14:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးများသည် အသင်းတော်တွင် တိတ်ဆိတ်စွာ နေကြရမည်။ သူတို့တွင် ပြောဆိုခွင့်မရှိ။ ပညတ်တရားတွင် ဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။ Common Language Bible အမျိုးသမီးများသည်အစည်းအဝေးများတွင် ဆိတ်ဆိတ်နေကြစေ။ သူတို့မှာစကားပြောပိုင်ခွင့် မရှိ။ ယုဒပညတ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း အမျိုးသမီးတို့သည်အစည်းအဝေးများတွင် ခေါင်းဆောင်များမဖြစ်စေရ။- Garrad Bible မိန်း မ တို့ မှာ မူ ပ ညတ် တ ရား တော် ညွှန် ပြ သည့် အ တိုင်း အ အုပ် အ ချုပ် အောက် နေ လျက် အ စည်း အ ဝေး တော် များ တွင် ပြော ဆို သော အ ခွင့် မ ရှိ ဘဲ ဆိတ် ဆိတ် နေ ကြ စေ။ Judson Bible သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။ |
သင်တို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ကြလော့။ မိန်းမသည် မိမိဦးခေါင်းကို မဖုံးဘဲ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် သင့်တော်သလော။
သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
မိန်းမသည် ဦးခေါင်းကို မဖုံးအုပ်ဘဲ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။ ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်သည်နှင့်အတူတူပင်ဖြစ်၏။
ကျမ်းစာ၌ “ငါသည် ဤလူမျိုးတို့အား ပြောရန် အခြားနိုင်ငံမှ လူတို့ကို အသုံးပြုမည်။ ထိုသူတို့သည် အခြားဘာသာစကားများဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော်လည်း သူတို့သည် ငါ့ကို နားထောင်ကြလိမ့်မည်မဟုတ် ဟု ထာဝရဘုရားမိန့်တော်မူ၏” ဟူ၍ ရေးသားထား၏။
သူတို့သည် တစ်စုံတစ်ခုကို သိလိုလျှင် အိမ်၌ မိမိခင်ပွန်းကို မေးမြန်းကြစေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများအနေဖြင့် အသင်းတော်တွင် ပြောဆိုခြင်းသည် မသင့်လျော်သောကြောင့်ဖြစ်၏။
မည်သို့ပင်ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီတိုင်းသည်လည်း မိမိကိုယ်မိမိ ချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့ကလည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
ဇနီးသည်တို့… သခင်ဘုရား၏ လူများ ပြုမူနေထိုင်သင့်သည့်အတိုင်း သင်တို့၏ ခင်ပွန်းသည်ကို နာခံကြလော့။
မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်ကို နာခံသူများ ဖြစ်ရန် သင်ပေးနိုင်လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်၏တရားတော်ကို စော်ကားနိုင်မည်မဟုတ်။