ထိုနေရာ၌ အာရှာအနွယ်၊ ဖနွေလ၏သမီး အန္နဟု ခေါ်သော အသက်အရွယ်ကြီးရင့်သည့် ပရောဖက်အမျိုးသမီးတစ်ဦးရှိ၏။ ထိုအမျိုးသမီးသည် ငယ်ရွယ်စဉ်တွင် အိမ်ထောင်ကျ၏။ ခင်ပွန်းနှင့် ခုနစ်နှစ်ခန့်သာ ပေါင်းသင်းနေထိုင်ပြီးလျှင်
၁ ကော 11:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိန်းမသည် ဦးခေါင်းကို မဖုံးအုပ်ဘဲ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။ ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်သည်နှင့်အတူတူပင်ဖြစ်၏။ Common Language Bible မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။- Garrad Bible ဦး ထိပ် ကို မ ဖုံး အုပ် ဘဲ ပ တ္ထ နာ ပြု သူ၊ ဟော ပြော သူ မိန်း မ တိုင်း သည် ကိုယ့် ဦး ထိပ် အ သ ရေ ဖျက် ရာ ရောက်၏။ ထို သို့ ပြု သော် ဦး ဆံ ရိတ် သော မိန်း မ နှင့် တူ သည် ဖြစ် ၍၊ Judson Bible မိန်းမမည်သည်ကား၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း၊ မိမိခေါင်းအသရေကို ရှုတ်ချ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဦးခေါင်းမဖုံးဘဲ ဆုတောင်းခြင်း၊ သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကို ပြုသောမိန်းမတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်ထားသည်နှင့်တူ၏။ |
ထိုနေရာ၌ အာရှာအနွယ်၊ ဖနွေလ၏သမီး အန္နဟု ခေါ်သော အသက်အရွယ်ကြီးရင့်သည့် ပရောဖက်အမျိုးသမီးတစ်ဦးရှိ၏။ ထိုအမျိုးသမီးသည် ငယ်ရွယ်စဉ်တွင် အိမ်ထောင်ကျ၏။ ခင်ပွန်းနှင့် ခုနစ်နှစ်ခန့်သာ ပေါင်းသင်းနေထိုင်ပြီးလျှင်
‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌ ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍ အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။
ယောက်ျားသည် ဦးခေါင်းကို ဖုံးအုပ်၍ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။
ထို့ကြောင့် မိန်းမသည် ဦးခေါင်းကို မဖုံးလျှင် သူသည် မိမိဆံပင်ကို ဖြတ်သင့်၏။ သို့သော် ဆံပင်ဖြတ်ခြင်း၊ ခေါင်းတုံးရိတ်ခြင်းသည် မိန်းမအတွက် ရှက်စရာဖြစ်လျှင် ဦးခေါင်းကို ဖုံးထားသင့်၏။
အမျိုးသမီးများသည် အသင်းတော်တွင် တိတ်ဆိတ်စွာ နေကြရမည်။ သူတို့တွင် ပြောဆိုခွင့်မရှိ။ ပညတ်တရားတွင် ဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။