လူသားသည် စားသောက်၍နေသည်ကို သင်တို့က ‘သူသည် အစားကြီးသူ၊ စပျစ်ဝိုင်သောက်ကြူးသူဖြစ်၏။ အခွန်ကောက်သူများနှင့် အပြစ်သားတို့၏မိတ်ဆွေလည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။
၁ ကော 11:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ ကိုယ်ခန္ဓာကို ပိုင်းခြားမသိမြင်ဘဲ စားသောက်သောသူသည် မိမိကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာရောက်၏။ Common Language Bible မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။- Garrad Bible ကိုယ် ခ န္ဓာ တော် ကို ပိုင်း ခြား သိ မြင် ခြင်း မ ရှိ ဘဲ စား သောက် သော သူ သည် တ ရား စီ ရင် ခံ ရ ခြင်း ကို စား သောက် ရာ ရောက် သော ကြောင့်၊ Judson Bible အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သခင်ဘုရား၏ကိုယ်ခန္ဓာတော်ကို ပိုင်းခြား၍မသိဘဲ စားသောက်သောသူသည် မိမိအပေါ်သို့ ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေရန် စားသောက်သောသူဖြစ်၏။ |
လူသားသည် စားသောက်၍နေသည်ကို သင်တို့က ‘သူသည် အစားကြီးသူ၊ စပျစ်ဝိုင်သောက်ကြူးသူဖြစ်၏။ အခွန်ကောက်သူများနှင့် အပြစ်သားတို့၏မိတ်ဆွေလည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။
ထို့ကြောင့် အစိုးရအာဏာကို ဆန့်ကျင်သောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲတော်မူခြင်းကို ဆန့်ကျင်သောသူ ဖြစ်၏။ ထိုသူတို့သည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။
ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ ထို့နောက် မုန့်ကို ဖဲ့၍ “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် မထိုက်မတန်ဘဲ သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။
သို့ဖြစ်၍ သင်တို့သည် မုန့်ကို မစားမီနှင့် ခွက်ကို မသောက်မီ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြလော့။
ထိုအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူနှင့် ဖျားနာသောသူများစွာ ရှိကြပြီး သေဆုံးသောသူတချို့လည်း ရှိကြ၏။
မာသောအစားအစာမှာ အရွယ်ရောက်သောသူများအတွက်ဖြစ်ပြီး ထိုသူတို့သည် အကောင်းနှင့်အဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန် လေ့ကျင့်ထားသည့်သူများဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ဆရာဖြစ်ကြသောကျွန်ုပ်တို့သည် အခြားသူတို့ထက် ပို၍ တင်းကျပ်စွာ စီရင်ခံရမည်ကို သင်တို့သိမှတ်လျက် ဆရာဖြစ်လိုသူ မများစေကြနှင့်။
ညီအစ်ကို မောင်နှမတို့… အထူးသဖြင့် ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားအရာကိုဖြစ်စေ တိုင်တည်၍ မကျိန်ဆိုကြနှင့်။ ဟုတ်လျှင် ဟုတ်ကြောင်း၊ မဟုတ်လျှင် မဟုတ်ကြောင်း ပြောကြလော့။ သို့မှသာ အပြစ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်လိမ့်မည်။